ငွေလွှဲခ 0 THB ဖြင့် မြန်မာနိုင်ငံရှိ ဘဏ်စာရင်းတစ်ခုထံ အွန်လိုင်းမှဖြစ်စေ၊ ကျွန်ုပ်တို့၏အက်ပ်နှင့်ဖြစ်စေ ငွေတိုက်ရိုက်ပေးပို့ပါ။

ဖုန်းဘေလ်လက်ဆောင်ရယူလိုက်ပါ။

WU.com (သို့) WU application အသုံးပြုပြီး ပထမဦးဆုံးအကြိမ် ဘတ် ၁၅,၀၀၀ အထက်ငွေလွှဲကာ ဘတ် (၃၀၀) တန် ဖုန်းဘေလ် လက်ဆောင်ကိုရယူလိုက်ပါ။ မြန်မာပြည်(နှင့်)ကမ္ဘောဒီးယားကို ပေးပို့သည့် ငွေလွှဲများသာ။

လူဦးရေ ၁,၀၀၀ တိတိကို ဦးသူရစနစ်ဖြင့် ဘတ် (၃၀၀) တန် ဖုန်းငွေဖြည့်ဘောက်ချာ ပေးအပ်သွားမည်ဖြစ်ပါသည်။ ဆုရရှိသူများသည် ‘WU-CENTRAL’ မှပို့လာသည့် ကုဒ်ဂဏန်းကို ဖုန်းစာအိတ်မှတစ်ဆင့် လက်ခံရှိမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ၁၅ ရက်နေ့ ဇန်နဝါရီလ ၂၀၂၂ ထိအကျုံးဝင်ပါသည်။ ဖုန်းဘေဘောက်ချာကို လက်ခံရရှိရန် ဖုန်းစာအိတ်မှပေးပို့လာသည့် ဖုန်းငွေဖြည့်ဂဏန်းကို ဖုန်းဆက်ပြီး ဆုကြေးကိုလက်ခံရရှိနိုင်ပါပြီ။စည်းကမ်းနှင့်သတ်မှတ်ချက်များ1ကြည့်ရှူရန်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေပို့နည်းကို ရွေးချယ်ပါ

ငွေလွှဲမှုများ လုပ်ရန် လွယ်ကူသည်။

ဤရွေးစရာကို Krungsri ဘဏ်၏ အွန်လိုင်း ဘဏ်လုပ်ငန်းတွင်သာ ရရှိနိုင်သည်။

www.krungsrionline.com (KOL) သို့ ဝင်ပြီး အသုံးပြုသူအမည်နှင့် စကားဝှက်ရရှိရန် မှတ်ပုံတင်ပါ။ သင့်တွင် KOL ဘဏ်အကောင့် မရှိသေးပါက Krungsri ဘဏ်ရှိသည့် ကြိုက်ရာ နေရာ သို့ သွားပြီး သင့်အတွက် အကောင့်ဖွင့်ပေးရန် တောင်းဆိုပါ။

၂ “Western Union” တဘ်ကို ရွေးချယ်ပြီး “Apply to send money via KOL” (“KOL မှတစ်ဆင့် ငွေပို့ရန် လျှောက်ထားခြင်း”) ကို ရွေးချယ်ပါ။ ထို့နောက် ကျန်ရှိသည့် လိုအပ်သောအချက်အလက်များကို ဖြည့်ပါ။

၃ သင့်အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုချက်ကို ရုံးဖွင့်ရက် ၁ ရက်မှ ၃ ရက်အတွင်း SMS ဖြင့် ရရှိပါမည်။

၄ အကောင့်ဖွင့်ရန်အတွက် SMS အတည်ပြုချက် လက်ခံရရှိပြီးပါက သင်၏ KOL အကောင့်သို့ ထပ်ပြီး လက်မှတ်ထိုးဝင်ပါ။ “Western Union” တဘ်ကို ရွေးချယ်ပြီး “Sending” (“ပို့ဆောင်ခြင်း”) ခလုတ်သို့ ရွှေ့ပါ။ ပေးထားသော ရိုးရှင်းသည့်အဆင့်များအတိုင်း လိုက်ပါလုပ်ဆောင်ပြီး ငွေလွှဲပါ။

၅ ငွေလွှဲပြီးပါက သင်၏ ပြေစာတွင် စောင့်ကြည့်ရန်နံပါတ် (MTCN) တစ်ခုကို ရရှိမည်ဖြစ်သဖြင့် ငွေကြေးကို လိုက်လံစောင့်ကြည့် နိုင်သည်။ ၎င်းကို သင် ရည်ရွယ်ထားသော လက်ခံသူနှင့်သာ မျှဝေပါ။

ငွေပို့ခြင်း

မြန်မာနိုင်ငံတွင် ငွေလက်ခံနည်း

ငွေလက်ခံသူသည် အောက်ပါ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့်4 သင် လွှဲလိုက်သောငွေကို မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်သည်။

မြန်မာနိုင်ငံရှိ Western Union ဝန်ဆောင်မှုများကို

 

အောက်ပါ ပါတနာနေရာများတွင် ရရှိနိုင်သည်-

ထိုင်းနိုင်ငံရှိ Western Union ဝန်ဆောင်မှုများကို အောက်

 

ပါ ပါတနာနေရာများတွင် ရရှိနိုင်သည်-

သင့် ငွေလွှဲမှုကို မည်သည့်အချိန်တွင် လက်ခံရရှိမည်ဖြစ်ကြောင်း သိရန်လိုပါသလား။

သင့်ငွေလွှဲမှုအခြေအနေကို ကျွန်ုပ်တို့၏ အသုံးဝင်သော စောင့်ကြည့်တူးလ်ဖြင့် ခြေရာခံကြည့်ရှုနိုင်သည်။ ပြေစာတွင် ပုံနှိပ်ထားသော စောင့်ကြည့်ရန်နံပါတ် (MTCN) ကိုသာ လိုအပ်သည်။ ငွေသည် လမ်းခရီးတွင် ဖြစ်ကြောင်း သို့မဟုတ် ငွေထုတ်၍ရနေပြီဖြစ်ကြောင်း သင် ချက်ချင်းသိနိုင်ပါမည်။

အကူအညီ လိုပါသလား။

ကျွန်ုပ်တို့၏ အမေးများသော မေးခွန်းများကို ဝင်ကြည့်ပါ၊ သို့မဟုတ် ဆက်သွယ် မေးမြန်းလိုက်ပါ။

ခေါ်ဆိုခမဲ့ ဖုန်းနံပါတ်-  001-800-852-5385
(ထိုင်း- မနက် ၈ နာရီမှ ည ၉ နာရီ၊ အင်္ဂလိပ်- ၂၄/၇)

CustomerService.Asia@westernunion.com

1 Western Union သည် ငွေလဲလှယ်ခြင်းမှလည်း ငွေကြေးရရှိသည်။ ငွေလွှဲ ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်ရာတွင် ငွေလွှဲခနှင့် ငွေလဲလှယ်နှုန်းထားများကို သေချာစွာ နှိုင်းယှဉ်ပါ။ အခကြေးငွေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများသည် အကြောင်းရင်းအများအပြားပေါ် မူတည်ပြီး အမှတ်တံဆိပ်၊ လမ်းကြောင်းနှင့် တည်နေရာအလိုက် ကွဲပြားမှု ရှိနိုင်သည်။ အခကြေးငွေနှင့် နှုန်းထားများသည် ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်သည်။ သက်ဆိုင်ရာ အခွန်များ ပေးဆောင်ရနိုင်သည် (ရှိပါက)။

2 ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်အထိ ကွန်ရက်ဒေတာ။

3 သင်က ခရက်ဒစ်ကတ်သုံးပါက ကတ်ထုတ်ပေးသူ၏ ငွေသားကြိုပေးခနှင့် သက်ဆိုင်ရာ အတိုးနှုန်းထားတို့ ကျသင့်နိုင်သည်။ ဒက်ဘစ်ကတ်ကို သုံးခြင်းဖြင့် အဆိုပါအခကြေးငွေများကို ရှောင်ရှားနိုင်သည်။

4 ပို့သောငွေပမာဏ၊ လက်ခံမည့်နိုင်ငံ၊ ငွေကြေး ရရှိနိုင်မှု၊ စည်းမျဉ်းဆိုင်ရာ အရေးကိစ္စများ၊ အထောက်အထားလိုအပ်ချက်များ၊ လက်ခံသူဘက်မှ လုပ်ဆောင်ရသည့်အရာ (များ)၊ ကိုယ်စားလှယ် တည်ရှိသည့်နေရာ၏ အချိန်များ၊ အချိန်ဇုန်ကွာခြားမှု သို့မဟုတ် ဆိုင်းထားရန် ရွေးစရာများကို ရွေးချယ်မှုအပါအဝင် ငွေပေးငွေယူမှု အခြေအနေများကြောင့် ငွေကြေးများ နှောင့်နှေးခြင်း သို့မဟုတ် ဝန်ဆောင်မှုမရခြင်းတို့ ဖြစ်နိုင်သည်။ ထပ်ဆောင်းကန့်သတ်ချက်များ ရှိနိုင်သည်။ အသေးစိတ်သိရှိရန် စည်းမျဉ်းများကို ကြည့်ပါ။

5 ဘဏ်အကောင့်အချက်အလက်များကိုပေးသည့်အခါဂရုပြုပါ။ သင်ပေးသောဘဏ်စာရင်းနံပါတ်နှင့်လိုက်လျောညီထွေရှိသောဘဏ်စာရင်းထဲသို့ရန်ပုံငွေများကိုပေးလိမ့်မည်။ လက်ခံသူ၏အကောင့်သည်ဒေသသုံးငွေပေးချေမှုအကောင့်ဖြစ်ရမည်။