< လိမ်လည်မှုအား သတိပြုခြင်း

လိမ်လည်မှု အမျိုးအစားများ

အင်တာနက်သည် ကျွန်ုပ်တို့ကို ယခင်ကထက်ပို၍ သတင်းအချက်အလက်များနှင့် ချိတ်ဆက်ပေးလိုက်သောအခါ ယနေ့ဒီဂျစ်တယ်ခေတ်သည် လူလိမ်များကို လိမ်လည်မှုလုပ်ရပ်များ ကျူးလွန်ရန် ပိုမိုလွယ်ကူစေခဲ့ပါသည်။ မဆင်မခြင် လူမှုကွန်ရက်ပို့စ်တင်ခြင်းများမှ ငွေကြေးဆိုင်ရာ အကောင့်များအတွက် စကားဝှက်များ အတုလုပ်ခြင်းအထိ လူလိမ်များသည် အခြားလူများ၏ငွေများကို သူတို့လက်ထဲသို့ လွှဲပြောင်းရယူရန် မရေတွက်နိုင်သော နည်းလမ်းများကို တွေ့ရှိခဲ့ကြသည်။

၎င်းတို့သည် ၎င်းတို့၏ပစ်မှတ်များကို နည်းအမျိုးမျိုးသုံး၍ ဆက်သွယ်ကြသည်—တယ်လီဖုန်း၊ ရိုးရိုးစာပို့မေးလ်၊ အီးမေးလ်နှင့် အင်တာနက်။

၎င်းတို့သည် သင့်ယုံကြည်မှုကိုရယူပြီး သင့်ကိုအယုံသွင်းနိုင်သည်နှင့် ပိုက်ဆံတောင်းကာ ရယူထွက်ပြေးကြသည်။

သင့်ကို သွေးဆောင်ဖြားယောင်းရန် ၎င်းတို့အသုံးပြုသည့် ဇာတ်လမ်းများမှာ အမြဲပြောင်းလဲနေသည်။ သို့သော် သင့်တွင် အဖြစ်အများဆုံး လိမ်လည်မှု အမျိုးအစားများနှင့် ပတ်သက်သော ဗဟုသုတရှိထားခြင်းဖြင့် သင့်ကိုယ်သင်နှင့် သင့်မိတ်ဆွေ၊ မိသားစုတို့ကို ကာကွယ်နိုင်ပါသည်။

သတင်းအချက်အလက်များ သိနေပါစေ

Western Union သည် ငွေလွှဲခြင်းဆိုင်ရာ လိမ်ညာမှုများ၏ သားကောင် မဖြစ်စေရန် အသိပညာပေးခြင်းနှင့် နားလည်သိရှိစေခြင်းတို့မှတစ်ဆင့် ကူညီပေးနေပါသည်။

ကျွန်ုပ်တို့၏ သတိပေးချက်များနှင့် အပ်ဒိတ်များကို စောင့်ကြည့်လိုက်နာပါ

လိမ်ညာမှု အမျိုးအစားများ

ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု

ဘယ်တော့မှ ထောက်ပံ့ပေးမည်မဟုတ်သော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများအတွက် ကြိုတင်ပေးရသော အခကြေးငွေများပေးရန် သားကောင်ကို တောင်းဆိုသည်။ သားကောင်များသည် အမျိုးမျိုးသော ကြိုတင်ပေးရသည့် အခကြေးငွေများ ပေးချေမှုအတွက် လုပ်ငန်းစဉ်အဆင့်ဆင့်ကို တစ်ခါတစ်ရံပေးပို့တတ်ပါသည်။ အသုံးများသော နည်းလမ်းများတွင် ခရက်ဒစ်ကတ်၊ ထောက်ပံ့ကြေးများ၊ ချေးငွေများ၊ အမွေ၊ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုတို့ ပါဝင်နိုင်ပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
အခွန်ဆိုင်ရာ လိမ်လည်မှု, တယ်လီမားကတ်တင်း, လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှု, လှူဒါန်းမှုဆိုင်ရာ လိမ်လည်မှု, လူမှု ကွန်ရက်ဆိုင်ရာ လိမ်လည်မှု, ချက်လက်မှတ်အတု လိမ်လည်မှု, ဘိုးဘွားဆိုင်ရာ လိမ်လည်မှု

ဆောင်းပါးများ-
ကြိုတင်အခကြေးငွေဆိုင်ရာနှင့် ကြိုတင်ငွေပေးချေမှုဆိုင်ရာ လိမ်လည်မှုမှ မိမိကိုယ်ကိုကာကွယ်ရန် နည်းလမ်း 4 ခု, ကျောင်းသားဆိုင်ရာ လိမ်လည်မှုများအကြောင်း သေသေချာချာလေ့လာခြင်း

image-no-BG-left-300x243-1

ဗိုင်းရပ်စ် ဆန့်ကျင်ရေးဆိုင်ရာ လိမ်လည်မှု

လိမ်လည်သူသည် မိမိမှာ နာမည်ကြီးကွန်ပျူတာ သို့မဟုတ် ဆော့ဖ်ဝဲကုမ္ပဏီမှဖြစ်ပြီး သားကောင်၏ကွန်ပျူတာတွင် ဗိုင်းရပ်စ်တွေ့ရကြောင်းပြောဆို၍ သားကောင်ထံ ဆက်သွယ်လာသည်။ ဗိုင်းရပ်စ်ကိုဖယ်၍ ရနိုင်ကြောင်း၊ အကြွေးဝယ်ကတ် သို့မဟုတ် ငွေလွှဲမှုမှ ငွေပေးချေပါက ငွေနည်းနည်းဖြင့် သင့်ကွန်ပျူတာကို ကာကွယ်နိုင်မည်ဟု သားကောင်ကို အကြံပြုသည်။ လက်တွေ့တွင် ကွန်ပျူတာတွင် ဗိုင်းရပ်စ်ရှိမနေဘဲ သားကောင်သည် ကာကွယ်ရန် ပေးပို့ခဲ့သောငွေကို ဆုံးရှုံးသွားသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, လူတစ်ဦး၏ သက်သေခံအချက်အလက်ကို ခိုးယူခြင်း, စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း

ဆောင်းပါး-
နည်းပညာဆိုင်ရာ လိမ်လည်မှုများမှ သင့်ကိုယ်သင် ကာကွယ်နိုင်ရန် နည်းလမ်း 5 ခု

Fraud-Icon-01

လှူဒါန်းမှုဆိုင်ရာ လိမ်လည်မှု

သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေ (ရေကြီးမှု၊ ဆိုင်ကလုန်း၊ သို့မဟုတ် ငလျင်ကဲ့သို့သော) မကြာသေးမီက လက်ရှိဖြစ်ရပ်ကို ခံစားရသူများကို ကူညီပေးရန် ငွေလွှဲပေးပို့ခြင်းဖြင့် အလှူငွေပေးပို့ရေးအတွက် တစ်စုံတစ်ဦးက သားကောင်ကို မကြာခဏ အီးမေးလ်ဖြင့်၊ စာဖြင့်၊ သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်ပါသည်။ တရားဝင်ကုသိုလ်ဖြစ် အဖွဲ့အစည်းများသည် အလှူငွေများအား ငွေလွှဲဝန်ဆောင်မှုမှ လွှဲပေးရန် တောင်းဆိုမည် မဟုတ်ပါ။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း, SMS/ စာတိုအတုအယောင်

ဆောင်းပါးများ-
Western Union နှင့် Better Business Bureau သည် ပေးထားသောကာလအတွင်း၌ လှူဒါန်းမှုဆိုင်ရာ လိမ်လည်မှုကို သတိပေးပါသည်, လှူဒါန်းမှုဆိုင်ရာ လိမ်လည်မှုကို ရှောင်ရှားခြင်းအတွက် အကြံပြုချက် 6 ချက်

Charity

အရေးပေါ်ဆိုင်ရာ လိမ်လည်မှု

သားကောင်သည် အရေးတကြီး လိုအပ်နေသော သူငယ်ချင်းတစ်ယောက် သို့မဟုတ် ချစ်ခင်သူတစ်ဦးကို ကူညီပေးရန် ငွေကြေးများပေးပို့နေသည်ဟု သားကောင်ကို ယုံကြည်စေပါသည်။ ချစ်ခင်သူအပေါ်ထားသော သားကောင်၏စိုးရိမ်မှုကို အပြည့်အဝ အသုံးချထားသောကြောင့် သားကောင်သည် ငွေကို အရေးတကြီးပေးပို့ပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ဘိုးဘွားဆိုင်ရာ လိမ်လည်မှု, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု

ဆောင်းပါး-
Western Union နှင့် Better Business Bureau သည် သုံးစွဲသူများကို အရေးပေါ်ဆိုင်ရာ လိမ်လည်မှုမှကာကွယ်ပေးရန် လက်တွဲလုပ်ဆောင်ပါသည်။

EmergencyBernie

အလုပ်ခန့်အပ်မှုဆိုင်ရာ လိမ်လည်မှု

သားကောင်သည် အလုပ်ခေါ်စာတစ်ခုကို တုံ့ပြန်ပြီး အမှန်မဟုတ်သော အလုပ်အတွက် ခန့်အပ်ခံရ၍ အလုပ်ဆိုင်ရာ ကုန်ကျစရိတ်အတွက် ချက်လက်မှတ်အတုတစ်စောင် ပေးပို့ခံရသည်။ ချက်လက်မှတ်ပမာဏမှာ သားကောင်၏ကုန်ကျစရိတ်ထက် ပိုလွန်နေပြီး သားကောင်သည် ငွေလွှဲဝန်ဆောင်မှုတစ်ခုအား အသုံးပြု၍ ကျန်ရှိသောငွေကြေးများကို ပြန်လည်ပေးပို့သည်။ ဘဏ်စာရင်း၌ ငွေမလုံလောက်၍ ဘဏ်က ချက်လက်မှတ်ကို ပြန်လည်ပေးပို့ပြီး သားကောင်သည် ပမာဏအပြည့်အဝအတွက် တာဝန်ရှိပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
လျှို့ဝှက်စုံစမ်းရသော ဈေးဝယ်ယူခြင်း လိမ်လည်မှု, ချက်လက်မှတ်အတု လိမ်လည်မှု

ဆောင်းပါး-
အလုပ်ခန့်အပ်မှုဆိုင်ရာ လိမ်လည်မှု 3 ခုနှင့် သားကောင် မဖြစ်စေရန် ကူညီပေးသော အကြံပြုချက်များ

Employment

ခြိမ်းခြောက်ငွေညှစ်ခြင်း

အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ မပူးပေါင်းလျှင် ငွေပေးအပ်ရမည်ဟု သို့မဟုတ် ခြိမ်းခြောက်ခံရမည်ဟု အထင်ရောက်စေသော အကျပ်ကိုင်ခြင်းမှတစ်ဆင့် သားကောင်ထံမှ ဥပဒေမဲ့စွာ ငွေရယူရန်၊ ပစ္စည်းဥစ္စာရယူရန် သို့မဟုတ် ဝန်ဆောင်မှုများရယူရန် လူလိမ်များ၏ ဖမ်းဆီးမှု သို့မဟုတ် အခြားလိုအပ်ချက်များ။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း, လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှု, အခွန်ဆိုင်ရာ လိမ်လည်မှု, အရေးပေါ်ဆိုင်ရာ လိမ်လည်မှု, ဗိုင်းရပ်စ် ဆန့်ကျင်ရေးဆိုင်ရာ လိမ်လည်မှု, စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း

Fraud-Icon-04

ချက်လက်မှတ်အတု လိမ်လည်မှု

လိမ်လည်မှုလုပ်ရပ်အဖြစ် ချက်လက်မှတ်တစ်စောင်ကို အလိမ်ခံရသူများထံသို့ ပေးပို့လေ့ရှိပြီး ချက်လက်မှတ်ကို စရန်ငွေသွင်းခိုင်းလေ့ရှိကာ ငွေကို သူတို့၏ အလုပ်ကုန်ကျစရိတ်များ၊ အင်တာနက် ဝယ်ယူမှုများ သို့မဟုတ် လျှို့ဝှက်ဈေးဝယ်ခြင်းတို့အတွက် သုံးခိုင်းသည်။ ချက်လက်မှတ်မှာ အတု (ငွေစက္ကူအတု) ဖြစ်နေပြီး ချက်လက်မှတ်မှ ထုတ်သုံးလိုက်သည့်ငွေအတွက် အလိမ်ခံရသူက ပေးဖို့ တာဝန်ရှိသွားသည်။ မှတ်ရန်မှာ ချက်လက်မှတ်မှ အကောင့်ထဲအပ်ငွေကို ရက်သတ္တပတ်များစွာ ကြာမြင့်မည့် ချက်လက်မှတ် အရှုပ်အရှင်းကင်းရှင်းကြောင်း အတည်ပြုချက်မရမချင်း မသုံးသင့်ပါ။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, လျှို့ဝှက်စုံစမ်းရသော ဈေးဝယ်ယူခြင်း လိမ်လည်မှု, အလုပ်ခန့်အပ်မှုဆိုင်ရာ လိမ်လည်မှု, ပိုမိုပေးချေခြင်းဆိုင်ရာ လိမ်လည်မှု, အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်လည်မှု, ထီ / ဆုဆိုင်ရာ လိမ်လည်မှု, အိမ်ခြံမြေငှားရမ်းခြင်းဆိုင်ရာ လိမ်လည်မှု

ဆောင်းပါး-
ချက်လက်မှတ်အတု လိမ်လည်မှုများကို ရှောင်ရှားနည်းများ

Fraud-Icon-02

ဘိုးဘွားဆိုင်ရာ လိမ်လည်မှု

ဤလိမ်လည်မှုသည် အရေးပေါ်လိမ်လည်မှု မူကွဲဖြစ်သည်။

ဒုက္ခရောက်နေသော မြေးဖြစ်သူအဖြစ် ဟန်ဆောင်ထားသူတစ်ဦးသည် သားကောင်ကို ဆက်သွယ်သည်၊ သို့မဟုတ် ဆေးကုသမှုပညာရှင်၊ ဥပဒေပြဋ္ဌာန်းရေးအရာရှိ၊ သို့မဟုတ် ရှေ့နေကဲ့သို့သော အာဏာပိုင်တစ်ဦးက သားကောင်ကို ဆက်သွယ်သည်။

မြေးအပါအဝင် လူလိမ်သည် အရေးတကြီးအခြေအနေ သို့မဟုတ် အရေးပေါ်ကိစ္စရပ်တစ်ခု (အာမခံရန်၊ ဆေးကုသစရိတ်ထုတ်ရန်၊ အရေးပေါ်ခရီးစရိတ်ထုတ်ရန်) ကို ဖော်ပြပြီး ငွေချက်ချင်းလွှဲခိုင်းမည်။
မည်သည့်အရေးပေါ်အခြေအနေမှ ဖြစ်မသွားခဲ့ပါ၊ အဘိုးအဘွားတို့မှ မြေးအတွက်ပို့ငွေမှာ အစရှာမရဖြစ်ခဲ့သည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, အရေးပေါ်ဆိုင်ရာ လိမ်လည်မှု

ဆောင်းပါး-
ဘိုးဘွားဆိုင်ရာ လိမ်လည်မှုမှ ရှောင်ရှားနိုင်ရန် အကြံပြုများနှင့် ထိုးထွင်းအသိဉာဏ် 6 ခု

image-no-BG-left-3

လူတစ်ဦး၏ သက်သေခံအချက်အလက်ကို ခိုးယူခြင်း

သက်သေခံအချက်အလက် သူခိုးများသည် အခြားသူတစ်ဦးတစ်ယောက်အဖြစ် ဟန်ဆောင်ရန် ကိုယ်ရေးကိုယ်တာ အချက်အလက်များ (ဥပမာ လူမှုလုံခြုံရေးနံပါတ်များ၊ ဘဏ်အကောင့် အချက်အလက်များနှင့် ခရက်ဒစ်ကတ်နံပါတ်များ) ကို အသုံးပြုသည်။ ၎င်းတွင် ခရက်ဒစ်အကောင့်တစ်ခုဖွင့်ခြင်း၊ လက်ရှိအကောင့်ကို ငွေကုန်သုံးပစ်ခြင်း၊ အခွန်ပေးသွင်းခြင်း သို့မဟုတ် ဆေးကုသမှုဆိုင်ရာ အကျုံးဝင်မှုရယူခြင်းတို့ ပါဝင်နိုင်ပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်လည်မှု, စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း, SMS/ စာတိုအတုအယောင်, လူမှု ကွန်ရက်ဆိုင်ရာ လိမ်လည်မှု, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှု, အခွန်ဆိုင်ရာ လိမ်လည်မှု, အလုပ်ခန့်အပ်မှုဆိုင်ရာ လိမ်လည်မှု, ဗိုင်းရပ်စ် ဆန့်ကျင်ရေးဆိုင်ရာ လိမ်လည်မှု, ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း

Fraud-Icon-05

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှု

တစ်စုံတစ်ဦးသည် သူ့ကိုယ်သူ လူဝင်မှုကြီးကြပ်ရေးအရာရှိဟု ပြောဆိုပြီး သားကောင်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မှတ်တမ်းတွင် ပြဿနာတစ်ရပ်ရှိသည်ဟု ပြောကြားရန် သားကောင်ထံ ဖုန်းခေါ်ဆိုသည်။ ဇာတ်လမ်းကို ပိုမိုယုတ္တိရှိစေရန် သားကောင်၏ လူဝင်မှုကြီးကြပ်ရေး အခြေအနေနှင့် သက်ဆိုင်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် အထိခိုက်မခံသော အသေးစိတ်အချက်အလက်များကို ပေးအပ်နိုင်ပါသည်။ သားကောင်၏မှတ်တမ်းနှင့် ပတ်သက်သော ပြဿနာတစ်ရပ်ရပ်ကို ပြင်ဆင်နိုင်ရေးအတွက် ချက်ချင်းငွေပေးချေမှု ပြုလုပ်ရန် လိုအပ်ပါသည်၊ ငွေပေးချေမှုကို ငွေလွှဲပေးပို့ခြင်းမှတစ်ဆင့် မပေးပို့လျှင် ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် ထောင်ချခြင်းဖြင့် ခြိမ်းခြောက်နိုင်ပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, ပိုမိုပေးချေခြင်းဆိုင်ရာ လိမ်လည်မှု, အရေးပေါ်ဆိုင်ရာ လိမ်လည်မှု

ဆောင်းပါး-
လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လိမ်လည်မှုများမှ သင့်ကိုယ်သင် ကာကွယ်နိုင်ရန် အကြံပြုချက် 6 ချက်

Immigration

အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်လည်မှု

အလိမ်ခံရသူများမှာ Craigslist၊ eBay၊ Alibaba၊ Gumtree၊ carsales.com စသည်တို့မှတစ်ဆင့် အွန်လိုင်းတွင် ကြော်ငြာသည့် ပစ္စည်းများ (အိမ်မွေးတိရစ္ဆာန် သို့မဟုတ် ကားကဲ့သို့သော) သို့မဟုတ် ဝန်ဆောင်မှုများကို ဝယ်ယူသူ သို့မဟုတ် ရောင်းချသူဖြစ်နိုင်သည်။ လိမ်လည်သူများသည် ဝက်ဘ်ဆိုက်အတု သို့မဟုတ် ဝက်ဘ်ဆိုက်အမှန်အကန်တစ်ခုတွင် ကြော်ငြာအတုတင်ပြီး ပစ္စည်းတစ်ခုကို ဈေးပေါပေါရနိုင်ကြောင်း ကြော်ငြာလျက် တရားဝင် အွန်လိုင်းမှ ရောင်းချသူများအဖြစ် ဟန်ဆောင်သည်။ သူတို့သည် ငွေအော်ဒါ၊ ကြိုတင်ပေးသွင်းရသော ငွေဖြည့်ကတ် သို့မဟုတ် ငွေလွှဲပေးပို့မှုတစ်ခုခုကို အသုံးပြုပြီး ငွေပေးချေရန် သင့်ကို တောင်းဆိုပါသည်၊ ငွေပေးပို့ပြီးနောက် သားကောင်သည် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ဘယ်တော့မှ လက်ခံရရှိမည် မဟုတ်ပါ။ လူလိမ်များသည် ရောင်းဈေးထက်ပို၍ပေးပို့ခြင်းဖြင့် တရားဝင်စစ်မှန်သော ဝယ်ယူသူများအဖြစ်လည်း ဟန်ဆောင်ကြပြီး ပိုငွေကို ငွေလွှဲပေးပို့ခြင်းမှတစ်ဆင့် ပြန်လည်လွှဲပေးရန် ရောင်းသူကို တောင်းဆိုပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ပိုမိုပေးချေခြင်းဆိုင်ရာ လိမ်လည်မှု, အိမ်ခြံမြေငှားရမ်းခြင်းဆိုင်ရာ လိမ်လည်မှု, ချက်လက်မှတ်အတု လိမ်လည်မှု

ဆောင်းပါးများ-
လိမ်လည်မှု သတိပေးချက်- အင်တာနက်မှ ခွေးပေါက်ကလေးဝယ်ယူခြင်းဆိုင်ရာ လိမ်လည်မှု မြင့်တက်လာခြင်း, ဤအားလပ်ရက်ရာသီတွင် အွန်လိုင်းဈေးဝယ်ယူခြင်း လိမ်လည်မှုမှ သင့်ကိုယ်သင် ကာကွယ်နိုင်ရန် အကြံပြုချက်များ, COVID-19 ကူးစက်ခံရခြင်းဆိုင်ရာ လိမ်လည်မှုများမှ သင့်ကိုယ်သင် ကာကွယ်ပါ

image-no-BG-left-7

ထီ / ဆုဆိုင်ရာ လိမ်လည်မှု

ထီ၊ ဆု သို့မဟုတ် ကံစမ်းမဲများ ပေါက်သောကြောင့် အခွန်များ သို့မဟုတ် အခကြေးငွေများအတွက် ငွေပေးပို့ရမည်ဟု သားကောင်ကို ပြောသည်။ သားကောင်သည် ဆုရရှိမှုများ၏ အစိတ်အပိုင်းအဖြစ် ချက်လက်မှတ်တစ်စောင် ရရှိနိုင်ပြီး၊ ချက်လက်မှတ်ကို အပ်နှံပြီး ငွေပေးပို့ပြီးသည်နှင့်တစ်ပြိုက်နက် ချက်လက်မှတ်သည် ဘဏ်သို့ပြန်လည်ရောက်သွားသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, ချက်လက်မှတ်အတု လိမ်လည်မှု

ဆောင်းပါးများ-
ထီလိမ်လည်မှုများမှ ရှောင်ရှားနိုင်ရန် အကြံပြုချက် 7 ချက် , ကံစမ်းမဲ လိမ်လည်မှုများကို မခံရစေရန် ရှောင်ရှားပါ

Lottery

ငွေကြေးတိုးပွားခြင်းဆိုင်ရာ လိမ်လည်မှု

အလျင်အမြန် သူဌေးဖြစ်မည်ဟူသော လိမ်လည်မှုဆီသို့ သားကောင်အသစ်များကို ဆွဲဆောင်ရန်အတွက် လူမှုကွန်ရက်ကို အသုံးပြုလျက်ရှိပါသည်၊ ၎င်းလိမ်လည်မှုတွင် အသုံးပြုသူများသည် “ငွေကြေးတိုးပွားခြင်း” ကို အသုံးပြုခြင်းဖြင့် $100 ကို $1,000 အဖြစ် ပြောင်းလဲပေးမည်ဟူ၍ ကြော်ငြာကြပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ထပ်ဆောင်းငွေသားကို ကုတ်အားယူပြီး အနည်းငယ်သော ဒေါ်လာရာဂဏန်းကို ထောင်ဂဏန်းများအဖြစ်သို့ ပြောင်းနိုင်ရန်အတွက် ငွေကြေးစနစ်၏ ထူးခြားဖြစ်စဉ်များမှ အကျိုးအမြတ် ရယူနိုင်သည်ဟူ၍ လှည့်ကွက်က အကြံပြုပါသည်။ လူလိမ်ဆရာများသည် ငွေသားသုံးစွဲခွင့်ကို ရသည်နှင့်တစ်ပြိုက်နက် သားကောင်၏ လူမှုကွန်ရက် သို့မဟုတ် ဖုန်းနံပါတ်ကို ဘလော့သွားတတ်ပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
လူမှု ကွန်ရက်ဆိုင်ရာ လိမ်လည်မှု, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု

ဆောင်းပါး-
ငွေကြေးတိုးပွားခြင်းလား ကုန်ဆုံးခြင်းလား။ အွန်လိုင်းလိမ်လည်မှုများ မခံရစေရန် နည်းလမ်းများ

MoneyFlip

စစ်တပ်

စစ်မှုထမ်းအဖွဲ့ဝင်များသည် အကြောင်းပြချက်များစွာကြောင့် လူလိမ်များအတွက် ဆွဲဆောင်ရာ ပစ်မှတ်တစ်ခု ဖြစ်ပါသည်။ သူတို့သည် စစ်တပ်အပေါ် ကျယ်ပြန့်သောလေးစားမှုကို အလွဲသုံးစား ပြုလုပ်နေပြီး လူအများက သူတို့ထံ ငွေပေးပို့ရေးအတွက် လှည့်စားရန် စစ်မှုထမ်း အမျိုးသားများနှင့် အမျိုးသမီးများအဖြစ် ဟန်ဆောင်နေကြပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, အရေးပေါ်ဆိုင်ရာ လိမ်လည်မှု, လှူဒါန်းမှုဆိုင်ရာ လိမ်လည်မှု, အလုပ်ခန့်အပ်မှုဆိုင်ရာ လိမ်လည်မှု

ဆောင်းပါးများ-
လိမ်လည်ရန် နောက်ဆုံးသုံးနေသည့် အကြံ- လူလိမ်လူကောက်များ စစ်တပ်အဖွဲ့ဝင်အဖြစ် ဟန်ဆောင်ခြင်း, လူလိမ်များသည် အွန်လိုင်းတွင် သူတို့ကိုယ်သူတို့ စစ်တပ်အဖွဲ့ဝင်အဖြစ် ရုပ်ဖျက်ဖုံးကွယ်နေသည်

Military

လျှို့ဝှက်စုံစမ်းရသော ဈေးဝယ်ယူခြင်း လိမ်လည်မှု

လိမ်လည်သူသည် သားကောင်ကို အလုပ်ရှာဝက်ဘ်ဆိုက်မှ ဆက်သွယ်သလို သားကောင်ကိုယ်တိုင်က ငွေလွှဲဝန်ဆောင်မှုကို တန်ဖိုးဖြတ်ရန် အလုပ်အကိုင်အခွင့်အလမ်း ကြော်ငြာကိုတွေ့ပြီး ဆက်သွယ်လာသည်မျိုးလည်း ရှိသည်။ လိမ်လည်သူမှ ၎င်းပို့မည့် ချက်လက်မှတ်ကိုထုတ်ယူပြီး တစ်စိတ်တစ်ဒေသကို လုပ်ခအဖြစ် ယူထားကာ ကျန်ငွေကိုပြန်လွှဲပေးရန် ညွှန်ကြားတတ်သည်။ သားကောင်မှ ပို့ငွေကို လိမ်လည်သူမှ ထုတ်ယူထားလိုက်သည်၊ ဘဏ်စာရင်းတွင် ငွေမရှိသောကြောင့် ချက်လက်မှတ်ပြန်ပို့ခံရသောအခါတွင် သားကောင်သည် ချက်လက်မှတ်ပါ ငွေအလုံးစုံအတွက် တာဝန်ယူပေးရလေတော့သည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ချက်လက်မှတ်အတု လိမ်လည်မှု, အလုပ်ခန့်အပ်မှုဆိုင်ရာ လိမ်လည်မှု, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု

ဆောင်းပါး-
စိစစ်ခြင်းများစွာ လိုအပ်သည့် လျှို့ဝှက်စုံစမ်းရသော ဈေးဝယ်သူတစ်ဦးဖြစ်လာရန် ဘာကြောင့်ကမ်းလှမ်းသလဲ

MysteryShop

ပိုမိုပေးချေခြင်းဆိုင်ရာ လိမ်လည်မှု

လိမ်လည်သူသည် ဝန်ဆောင်မှု သို့မဟုတ် ထုတ်ကုန်အတွက် ငွေပေးချေရန် တရားဝင်ပုံပေါ် သည့် ချက်လက်မှတ်ကို သားကောင်ထံ ပို့ပေးလိုက်သည်။ ချက်လက်မှတ်တွင် ဖော်ပြငွေသည် သားကောင်မှန်းသည်ထက် ကျော်နေဖို့ များသည်၊ လိမ်လည်သူကလည်း ပိုငွေကိုပြန်လွှဲရန် ပြောထားသည်။ ဘဏ်စာရင်းတွင် ငွေမရှိသောကြောင့် ချက်လက်မှတ်ပြန်ပို့ခံရသောအခါတွင် သားကောင်သည် ချက်လက်မှတ်ပါငွေအားလုံးအတွက် တာဝန်ယူပေးရလေသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်လည်မှု, ချက်လက်မှတ်အတု လိမ်လည်မှု, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု

ဆောင်းပါး-
သတိပြုကာကွယ်ရန်- အွန်လိုင်း ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတွင် အဖြစ်များသော ငွေပေးချေမှုဆိုင်ရာ လိမ်လည်မှုများ

Overpayment

စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း

ဘဏ်တစ်ခု သို့မဟုတ် ချေးငွေကုမ္ပဏီတစ်ခုကဲ့သို့ ယုံကြည်စိတ်ချရသော အဖွဲ့အစည်းတစ်ခုအဖြစ် အတုအယောင်ပြုလုပ်ထားသည့် ပြောဆိုဆက်သွယ်မှုသည် သားကောင်အနေဖြင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် စကားဝှက်များ ပေးရေးအတွက် ဖြားယောင်းရန် ရည်ရွယ်ပါသည်။ စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်းဟူသည်မှာ သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူရန် သို့မဟုတ် သင့်ကွန်ပျူတာထဲသို့ အန္တရာယ်ပေးသောကုတ် သို့မဟုတ် ဆော့ဝဲလ်ဖြန့်ဝေရန် (ဖုန်း သို့မဟုတ် စာတိုမှတစ်ဆင့်လည်း ပြုလုပ်နိုင်သော်လည်း) အများအားဖြင့် အီးမေးလ်မှတစ်ဆင့် ပြုလုပ်သော လိမ်လည်မည့် ကြိုးပမ်းမှုတစ်ခု ဖြစ်ပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း, ခြိမ်းခြောက်ငွေညှစ်ခြင်း, အရေးပေါ်ဆိုင်ရာ လိမ်လည်မှု, လူမှု ကွန်ရက်ဆိုင်ရာ လိမ်လည်မှု, SMS/ စာတိုအတုအယောင်

ဆောင်းပါး-
စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း လိမ်လည်မှုတစ်ရပ်၏ သတိပေးလက္ခဏာများကို သိရှိပါ

Phishing

ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း

လူမှုကွန်ရက်၊ အွန်လိုင်းဖိုရမ်တစ်ခု သို့မဟုတ် အတွဲရှာဝက်ဘ်ဆိုက်တစ်ခုမှတစ်ဆင့် အွန်လိုင်းတွင် တွေ့ဆုံခဲ့သူတစ်ဦးနှင့် ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတစ်ရပ်ရှိသည်ဟု သားကောင်ကို ယုံကြည်လာစေပါသည်။ ယေဘုယျအားဖြင့် သားကောင်သည် စိတ်ခံစားမှုဖြစ်ပေါ်ပြီး စေ့စပ်မည့်သူအဖြစ် လက်ခံရည်ရွယ်ကြပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
လူမှု ကွန်ရက်ဆိုင်ရာ လိမ်လည်မှု, စစ်တပ်, အရေးပေါ်ဆိုင်ရာ လိမ်လည်မှု, ခြိမ်းခြောက်ငွေညှစ်ခြင်း

ဆောင်းပါး-
2016 ခုနှစ်တွင် အင်တာနက်ပေါ်၌ အချစ်ရှာဖွေခြင်း

Romance

အိမ်ခြံမြေငှားရမ်းခြင်းဆိုင်ရာ လိမ်လည်မှု

သားကောင်သည် အိမ်ခြံမြေငှားရမ်းခြင်းတစ်ခုအတွက် စရံငွေ ပေးပို့ပြီး ငှားရမ်းထားသော အိမ်ခြံမြေကို ဘယ်တော့မှ သုံးစွဲခွင့်မရပါ၊ သို့မဟုတ် သားကောင်သည် ငှားရမ်းသူထံမှ ချက်လက်မှတ်တစ်စောင် ပေးပို့ခံရသော အိမ်ခြံမြေပိုင်ရှင်လည်း ဖြစ်နေနိုင်ပြီး ချက်လက်မှတ်၏ တစ်စိတ်တစ်ပိုင်းကို ငွေလွှဲပေးပို့ခြင်းကို အသုံးပြု၍ ပြန်လည်ပေးပို့ရန် တောင်းဆိုခံရကာ ငွေမလုံလောက်သဖြင့် ချက်လက်မှတ်သည် ပြန်ပို့ခံရသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်လည်မှု, ချက်လက်မှတ်အတု လိမ်လည်မှု, ပိုမိုပေးချေခြင်းဆိုင်ရာ လိမ်လည်မှု

ဆောင်းပါးများ-
Western Union နှင့် Better Business Bureau သည် အွန်လိုင်းငှားရမ်းခြင်းဆိုင်ရာ လိမ်လည်မှုများကို တိုက်ထုတ်ပါသည်, သုံးစွဲသူသည် အဖြစ်များသော ငှားရမ်းခြင်းဆိုင်ရာ လိမ်လည်မှုများနှင့် ဆန့်ကျင်၍ အကာအကွယ်ရှိနေရန် လိုအပ်ပါသည်

Rental

လူမှု ကွန်ရက်ဆိုင်ရာ လိမ်လည်မှု

ဆိုက်ဘာရာဇဝတ်သားတစ်ဦးသည် သင်၏ လူမှုကွန်ရက် အကောင့်များကို သုံးစွဲခွင့်ရသွားလျှင် သူတို့သည် သင်၏ ရင်းနှီးသော သူငယ်ချင်းများနှင့် မိသားစုကိုလည်း သုံးစွဲခွင့် ရရှိပါသည်။ ရာဇဝတ်သားများနှင့် လူလိမ်ဆရာကြီးများသည် လူအများ အွန်လိုင်းတွင် မျှဝေသော ကိုယ်ရေးကိုယ်တာ အချက်အလက်များစွာကို အခွင့်ကောင်းရယူနိုင်ပါသည်၊ ထို့နောက် သူငယ်ချင်းများနှင့် မိသားစုထံတွင် ကျွမ်းကျင်ပြီး ကောင်းစွာပစ်မှတ်ထားသော တစ်ခါတစ်ရံတွင် ငွေတောင်းခံခြင်းများ ပါဝင်သည့် လှည့်ကွက်များ ဖန်တီးရန် ဤအချက်အလက်များကို အသုံးပြုနိုင်ပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း, အရေးပေါ်ဆိုင်ရာ လိမ်လည်မှု, ဘိုးဘွားဆိုင်ရာ လိမ်လည်မှု, စစ်တပ်, SMS/ စာတိုအတုအယောင်, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း, လူတစ်ဦး၏ သက်သေခံအချက်အလက်ကို ခိုးယူခြင်း

ဆောင်းပါး-
လူမှုကွန်ရက်ဆိုင်ရာ လိမ်လည်မှုများမှ ရှောင်ကြဉ်နိုင်ရန် လူမှုရေးဆန့်ဝင်သောအခါ ဘေးကင်းလုံခြုံပါစေ

SocialNetworking

SMS/ စာတိုအတုအယောင်

လင့်ခ်တစ်ခုကို နှိပ်ခိုင်းသော၊ ထိခိုက်နစ်နာစေမည့် ဆိုက်တစ်ခုဆီ ခေါ်ဆောင်သွားသော အလျင်လိုနေပုံပေါက်သည့် စာတိုများကို သတိထားပါ၊ သို့မဟုတ် သင့်ဆန္ဒမပါဘဲ အသုံးပြုနိုင်သော ကိုယ်ရေးကိုယ်တာ အချက်အလက်အချို့ကို အမှုမဲ့အမှတ်မဲ့ ထုတ်ဖော်ပြောဆိုခိုင်းစေသည့် စာတိုများကို သတိထားပါ။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
လူတစ်ဦး၏ သက်သေခံအချက်အလက်ကို ခိုးယူခြင်း, စစ်မှန်သော အဖွဲ့အစည်း၏ ဝက်ဘ်ဆိုက်နှင့် အီးမေးလ်ကို အတုလုပ်၍ စကားဝှက်များ ခိုးယူခြင်း, ဗိုင်းရပ်စ် ဆန့်ကျင်ရေးဆိုင်ရာ လိမ်လည်မှု, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, ထီ / ဆုဆိုင်ရာ လိမ်လည်မှု

Fraud-Icon-02

အခွန်ဆိုင်ရာ လိမ်လည်မှု

တစ်စုံတစ်ဦးသည် သူ့ကိုယ်သူ အစိုးရအေဂျင်စီ တစ်ခုမှဖြစ်ကြောင်း ပြောဆိုလျက် သားကောင်ထံ ဆက်သွယ်ပြီး အခွန်များအတွက် ငွေပေးဆောင်ရမည်ဟု ပြောသည်၊ ဖမ်းဆီးမခံရရန်၊ ပြည်နှင်ဒဏ် ပေးမခံရရန် သို့မဟုတ် ယာဉ်မောင်းလိုင်စင်/ပတ်စပို့ ဆိုင်းငံ့မခံရရန် ၎င်းငွေကို ချက်ချင်းပေးဆောင်ရမည်ဟု ပြောသည်။ အခွန်ဆောင်ရန် ငွေလွှဲခိုင်းမည် သို့မဟုတ် ကြိုတင်ငွေဖြည့်ထားသည့် အကြွေးဝယ်ကတ်ကို ဝယ်ခိုင်းမည်။ အစိုးရအေဂျင်စီများသည် အခွန်ငွေတောင်းခံလွှာကိုမပို့ဘဲ အခွန်ချက်ချင်းဆောင်ခိုင်းခြင်း (သို့) ဆက်သွယ်ပြောဆိုခြင်းတို့ကို မပြုပါ။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, ပိုမိုပေးချေခြင်းဆိုင်ရာ လိမ်လည်မှု

ဆောင်းပါးများ-
Western Union သည် IRS အတုအယောင် ဖုန်းခေါ်ဆိုမှုဆိုင်ရာ လိမ်လည်မှုအတွက် သတိရှိကြရန် သုံးစွဲသူများကို တိုက်တွန်းပါသည်, ငွေနှင့်ပတ်သက်၍ ပါးရည်နပ်ရည်ရှိပါ- ဤအခွန်ပေးဆောင်ချိန် ဖုန်းခေါ်ဆိုခြင်း လိမ်လည်မှုများအတွက် အလွန်အကင်းပါးပါစေ

Fraud-Icon-04

တယ်လီမားကတ်တင်း

တယ်လီမားကတ်တင်းသည် သုံးစွဲသူနှင့် တယ်လီဖုန်းခေါ်ဆို၍ ဈေးဝယ်သူ သို့မဟုတ် ရောင်းသူတို့ကြားတွင် ဖုန်းခေါ်ဆိုမှု ပြုလုပ်ရန် သို့မဟုတ် လက်ခံရန် တယ်လီဖုန်းအသုံးပြုမှု ပါဝင်သော မည်သည့်စီးပွားရေးလုပ်ငန်းတိုင်းနီးပါးကိုမဆို ကျယ်ပြန့်စွာ အကျုံးဝင်ပါသည်၊ တယ်လီမားကတ်တင်းမှတစ်ဆင့် ကမ်းလှမ်းသည့် သို့မဟုတ် ရောင်းချသည့် ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ငွေသားသွင်း၊ ငွေသားထုတ် ငွေလွှဲခြင်းများ သို့မဟုတ် ကြိုတင်ပေးသွင်းရသောကတ်တွင် ငွေကြေးထည့်သွင်းရခြင်းများကဲ့သို့ ငွေကြေးများလွှဲပြောင်းခြင်းဖြင့် ငွေပေးချေရသည်၊ တစ်ခါတရံ ထိုရောင်းချမှုများသည် “အခမဲ့” သို့မဟုတ် အလွန်အကျွံ လျှော့ဈေးပေးထားသော အားလပ်ရက်အတွက် ပရိုမိုးရှင်း၊ ဆု သို့မဟုတ် ကံစမ်းမဲဆိုင်ရာ လိမ်လည်မှုများ၊ သို့မဟုတ် “ဈေးလျှော့ထားသော” မဂ္ဂဇင်းများ ရောင်းချခြင်းတို့နှင့် ဆက်စပ်နေပါသည်။

အောက်ပါတို့နှင့် ဆက်စပ်ပါသည်-
လှူဒါန်းမှုဆိုင်ရာ လိမ်လည်မှု, ကြိုတင်ကုန်ကျစရိတ် / ကြိုတင်ပေးချေခြင်း လိမ်လည်မှု, အိမ်ခြံမြေငှားရမ်းခြင်းဆိုင်ရာ လိမ်လည်မှု, ထီ / ဆုဆိုင်ရာ လိမ်လည်မှု, အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်လည်မှု, လူတစ်ဦး၏ သက်သေခံအချက်အလက်ကို ခိုးယူခြင်း

Fraud-Icon-05