< ဥပဒေရေးရာ

Western Union® Money TransferSM ဝန်ဆောင်မှုကို အောက်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပေးအပ်ပါသည်။

Western Union® Money TransferSM လွှဲပြောင်းမှုများကို ကမ္ဘာအနှံ့ရှိ Western Union® ကိုယ်စားလှယ်နေရာအများစုတွင် ပေးပို့ခြင်းနှင့် ထုတ်ယူခြင်းများ ပြုလုပ်နိုင်သည်။ အသုံးပြုသူများသည် အနီးနားရှိ ရုံးများ၏ လိပ်စာနှင့် ရုံးချိန်များအတွက် အောက်တွင် ဖော်ပြထားသည့် နံပါတ်ကို ခေါ်ဆိုနိုင်သည်။ တည်နေရာအချို့သည် 24 နာရီ ဖွင့်ပါသည်။

ငွေလွှဲလက်ခံရာ Western Union ကိုယ်စားလှယ် (“ကိုယ်စားလှယ်”) နေရာ၏ရုံးချိန်ပေါ် မူတည်၍ ပုံမှန်ငွေလွှဲများအား လက်ခံသူမှ များသောအားဖြင့် မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်သည်။ နောက်တစ်နေ့/2 ရက်နှင့် အကောင့်အခြေပြု ငွေလွှဲဝန်ဆောင်မှုများကို ကန့်သတ်ထားသော နိုင်ငံများတွင် တောင်းဆိုပြီး ရနိုင်ပါသည်။ နောက်တစ်နေ့/2 ရက် ငွေလွှဲ ဝန်ဆောင်မှုကို အသုံးပြု၍ ပေးပို့ခဲ့သည့် ငွေများကို 24 နာရီနှင့် 48 နာရီအတွင်း အသီးသီး လာရောက်ထုတ်ယူနိုင်ပါမည်။ ဘဏ်စာရင်းသို့ လွှဲပို့သော ငွေလွှဲများသည် ယေဘုယျအားဖြင့် ရုံးဖွင့်ရက် 5 ရက် ကြာမြင့်သော်လည်း မိုဘိုင်းပိုက်ဆံအိတ်သို့ ငွေလွှဲများသည် များသောအားဖြင့် မိနစ်ပိုင်းအတွင်း ရောက်ရှိပါသည်။ နိုင်ငံအချို့တွင် သတ်မှတ်ပမာဏများ ကျော်နေခြင်း၊ စည်းကမ်းအရ ကန့်သတ်မှုများ သို့မဟုတ် အခြား ကန့်သတ်မှုများက လွှဲပြောင်းမှုကို ကြန့်ကြာစေနိုင်ပါသည်။ သို့သော် Western Union Global Network Pte. Ltd. (“Western Union Global Network”) သို့မဟုတ် Western Union (တစ်နည်းအားဖြင့် ဖော်ပြမထားသရွေ့ Western Union Global Network) သည် မည်သည့်ရည်ရွယ်ချက်အတွက်မျှ ဘဏ်တစ်ခုခု၏ ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားပြုသူအဖြစ် မပြုမူနိုင်ဘဲ ဘဏ်ကိုယ်စား အပ်နှံငွေများကို လက်မခံနိုင်ပါ။ အသေးစိတ်အချက်များအတွက် အောက်ပါနံပါတ်ကို ခေါ်ဆိုပါ။

ငွေလွှဲများကို ပုံမှန်အားဖြင့် ငွေသားဖြင့် ပေးသော်လည်း ကိုယ်စားလှယ်အချို့သည် ချက်လက်မှတ် သို့မဟုတ် ငွေသားနှင့် ချက်လက်မှတ်တို့ အရောဖြင့် ပေးနိုင်သည် သို့မဟုတ် ငွေများ လက်ခံရန် အခြားနည်းလမ်းများ ကမ်းလှမ်းနိုင်သည် သို့မဟုတ် ငွေလက်ခံသူက အခြားနည်းလမ်းများကို ရွေးချယ်နိုင်သည့်အပြင် ငွေလွှဲအချို့ကို အကောင့်များထံ ပေးချေနိုင်ပါသည်။ ငွေသားပေးချေမှု အားလုံးသည် ငွေပို့သူနှင့် ငွေလက်ခံသူ၏ အမည်များ၊ နိုင်ငံဇစ်မြစ်၊ ခန့်မှန်းငွေပမာဏစုစုပေါင်း၊ MTCN နှင့် ကိုယ်စားလှယ်ရုံးနှင့် သက်ဆိုင်သည့် အခြား သတ်မှတ်ချက်များ သို့မဟုတ် လိုအပ်ချက်များ အပါအဝင် Western Union က သတ်မှတ်ထားသည့် ငွေလွှဲနှင့်ပတ်သက်သော အသေးစိတ်အချက်အားလုံးကို ထုတ်ပြခြင်းနှင့် ငွေလက်ခံသူက မိမိအထောက်အထားအတွက် သက်သေခံစာရွက်ကို ပြသနိုင်ခြင်းတို့ပေါ် မူတည်ပါသည်။ ပေးပို့သူသည် လက်ခံသူ၏ ငွေလက်ခံရန် နည်းလမ်း ရွေးချယ်မှုမှာ ၎င်း၏ နည်းလမ်းနှင့် မတူကွဲပြားလျှင်ပင် Western Union အား ငွေလက်ခံသူ၏ နည်းလမ်းအတိုင်း ပေးချေရန် ခွင့်ပြုပါသည်။ ငွေသားဖြင့် ငွေလွှဲများကို အထောက်အထား စာရွက်စာတမ်းများကို စစ်ဆေးခြင်းဖြင့် အထောက်အထားကို စစ်မှန်ကြောင်းအတည်ပြုပြီးနောက် လွှဲပြောင်းမှု လက်ခံရရှိပိုင်ခွင့်ရှိသည်ဟု ကိုယ်စားလှယ်က ယူဆသည့် လူထံ ပေးသွားပါမည်။ ငွေလက်ခံသူက ဖြည့်လိုက်သည့် ဖောင်တွင် အသေးအဖွဲ အမှားများ ပါဝင်နေလျှင်ပင် အဆိုပါ ငွေပေးချေမှုကို ပြုလုပ်နိုင်ပါသည်။ Western Union သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များသည် ငွေလက်ခံသူအတွက် ပေးထားသော လိပ်စာကို အတည်ပြုရန် “ငွေပို့ရန်” ဖောင်ကို “ငွေလက်ခံရန်” ဖောင်နှင့် ယှဉ်ကြည့်ခြင်း မပြုလုပ်ရပါ။ အချို့သောနေရာများတွင် ငွေလက်ခံသူသည် ငွေကြေးများကို ငွေသားဖြင့် လက်ခံရယူရန် အထောက်အထား၊ စစ်ဆေးမှု အမေးအဖြေ သို့မဟုတ် နှစ်ခုလုံးကို ဖော်ပြပေးရန် လိုအပ်နိုင်ပါသည်။ စမ်းသပ်မေးခွန်းများတွင် ထပ်လောင်း လုံခြုံရေးဆိုင်ရာ အင်္ဂါရပ် မပါဝင်ဘဲ ၎င်းတို့ကို လွှဲပြောင်းမှုအား အချိန်ဆွဲရန် သို့မဟုတ် နှောင့်နှေးစေရန် အသုံးမပြုနိုင်သည့်အပြင် ယင်းတို့ကို အချို့နိုင်ငံများတွင် တားမြစ်ထားပါသည်။

သက်ဆိုင်ရာ ဥပဒေသည် ငွေ ထပ်ဆင့်ပို့သူများအား သတ်မှတ် လူပုဂ္ဂိုလ်များ၊ နိုင်ငံများနှင့်အတူ လုပ်ငန်းလုပ်ကိုင်ခြင်းမှ တားမြစ်ပါသည်။ Western Union သည် လွှဲပြောင်းမှုအားလုံးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြား အဖိုးတန်အရာများ ထိန်းချုပ်မှုရုံး (OFAC) နှင့် ဥရောပသမဂ္ဂအပါအဝင် ကျွန်ုပ်တို့ လုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံများ၏ အစိုးရများက ပေးအပ်သည့် အမည်များစာရင်းနှင့် တရားမဝင်လုပ်ကိုင်သူများ၏ စာရင်းများဖြင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။ ဖြစ်နိုင်သော ကိုက်ညီမှုတစ်ခုကို တွေ့ရှိပါက Western Union သည် ကိုက်ညီသောအမည်ကို သက်ဆိုင်ရာစာရင်းပါ လူတစ်ဦးတစ်ယောက် ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်အတွက် လွှဲပြောင်းမှုကို စုံစမ်းစစ်ဆေးပါသည်။ ရံဖန်ရံခါဆိုသလို သုံးစွဲသူများသည် ကြန့်ကြာနေသော ငွေလွှဲများအတွက် အပိုဆောင်း မည်သူမည်ဝါ ဖော်ပြချက် သို့မဟုတ် အချက်အလက်ကို ပေးအပ်ရန် လိုအပ်ပါသည်။ ဤသည်မှာ Western Union က စီမံဆောင်ရွက်သော ငွေလွှဲများအားလုံး (အမေရိကန်ပြင်ပတွင် စတင်ပြီး ပြီးဆုံးသော ငွေလွှဲများအပါအဝင်) အတွက် တရားဝင်လိုအပ်ချက်တစ်ခု ဖြစ်သည်။

 

ငွေလွှဲခများ – Western Union Global Network က ငွေလွှဲ ပြုလုပ်ခြင်းအတွက် ပေးပို့သူအပေါ် ငွေကောက်ခံပုံကို ရှင်းပြနေသည့် ရေးသားထားသော အချက်အလက်များကို ကိုယ်စားလှယ်ရုံးတွင် ထင်ထင်ရှားရှာ ပြသပါမည် သို့မဟုတ် ငွေပေးချေမှု အစီအစဉ် မပြီးစီးခင် ပေးပို့သူထံသို့ ပြသပါမည်။ ပေးပို့သည့်နိုင်ငံရှိ သက်ဆိုင်ရာ ဥပဒေအရ တစ်နည်းနည်းဖြင့် မလိုအပ်သရွေ့ ပေးပို့သူသည် ငွေလွှဲအတွက် အဖိုးအခအားလုံးကို ကျခံရပါမည်။ အချို့သော ကိစ္စရပ်များတွင် ငွေလွှဲမှုများအတွက် ပေးချေရာ၌ ပြည်တွင်းအခွန်နှင့် ဝန်ဆောင်ခများ ကျသင့်နိုင်ပါသည်။

 

နိုင်ငံခြားငွေ လဲလှယ်ခြင်း– ငွေလွှဲ ပေးချေမှုများကို ပုံမှန်အားဖြင့် ပေးပို့သည့်နိုင်ငံ၏ ငွေကြေးဖြင့် ပေးချေရပါမည် (နိုင်ငံအချို့တွင် ငွေပေးချေမှုကို အမေရိကန်ဒေါ်လာ သို့မဟုတ် အခြား အလားတူ ငွေကြေးဖြင့်သာ ရနိုင်ပါသည်)။ ငွေလွှဲတစ်ခုစီနှင့် သက်ဆိုင်သည့် ငွေလွှဲခအပြင် ကိုယ်စားလှယ်ထံ ပေးပို့သူ တင်ပြသည့် ငွေကြေးသည် ငွေလက်ခံသူက လက်ခံရရှိရမည့် ငွေကြေး မဟုတ်ပါက ငွေကြေးအားလုံးကို Western Union Global Network ၏ ထိုအချိန်က ငွေလဲနှုန်းအတိုင်း ပြောင်းလဲပေးသည်။ ငွေကြေးကို ငွေလွှဲပို့ချိန်တွင် လဲလှယ်မည်ဖြစ်ပြီး ငွေလက်ခံသူသည် လွှဲပြောင်းမှုဖောင်တွင် ပြထားသည့် နိုင်ငံခြားငွေပမာဏကို လက်ခံရရှိမည်ဖြစ်သည်။ ဒေသတွင်း စည်းမျဉ်းများအရ ငွေကြေးကို ငွေလက်ခံသူက ပေးချေသည့်အချိန်တွင် ပြောင်းလဲပေးရန် သတ်မှတ်ထားသည့် နိုင်ငံအချို့တွင် ငွေလဲနှုန်းနှင့် လွှဲပြောင်းမှုဖောင်တွင် ပြသထားသည့် ပမာဏမှန်သမျှသည် ငွေလွှဲချိန်နှင့် ငွေလက်ခံသူက ငွေများ လာထုတ်ချိန်ကြားတွင် ငွေလဲနှုန်း အတက်အကျများပေါ် မူတည်ပါသည်။ Western Union Global Network သည် ငွေလဲလှယ်နှုန်းကို ဘဏ်အချင်းချင်းကြားရှိ စီးပွားရေးအရအသုံးပြုသော လဲလှယ်နှုန်းကို အခြေခံ၍ ကုန်ကျစရိတ်ထပ်ပေါင်းကာ တွက်ချက်သည်။ ငွေလဲနှုန်းအများစုကို ကမ္ဘာ့ငွေကြေးဈေးကွက်များရှိ သက်ဆိုင်ရာ အပိတ်နှုန်းထားနှင့်အညီ တစ်ရက်လျှင် အကြိမ်ပေါင်းများစွာ ချိန်ညှိပါသည်။ ငွေလဲနှုန်းသည် ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများကြားရှိ ငွေလွှဲများတွင် အသုံးပြုသော လူသိရှင်ကြားကြေငြာထားသည့် စီးပွားဖြစ်ငွေလဲနှုန်းအချို့ထက် လူကြိုက်နည်းကောင်းနည်းနိုင်ပါသည်။ ငွေလွှဲခအပြင် သုံးစွဲသူများကို ကမ်းလှမ်းထားသော ငွေလဲလှယ်နှုန်းနှင့် Western Union Global Network ရရှိသော ငွေလဲနှုန်းထားများကြားရှိ ကွာခြားမှုများကို Western Union Global Network (အချို့ကိစ္စရပ်များတွင် ၎င်း၏ကိုယ်စားလှယ်များ) မှ ကောက်ခံမည်ဖြစ်သည်။ ပေးပို့မည့်နိုင်ငံများအတွက် ငွေလဲနှုန်းများနှင့်ပတ်သက်သော ထပ်လောင်းအချက်အလက်များကို အောက်ပါ နံပါတ်ကို ခေါ်ဆိုခြင်းဖြင့် သို့မဟုတ် www.westernunion.com ရှိ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်တွင် ရယူနိုင်ပါသည်။

ငွေကြေးမျိုးစုံဖြင့် ငွေပေးချေမှုကို ပံ့ပိုးသည့် နိုင်ငံအချို့တွင် ပေးပို့ခြင်းနှင့် လက်ခံခြင်း- ငွေပို့သူများသည် ပေးပို့သည့် ငွေလွှဲ ပြုလုပ်သည့် အချိန်၌ ငွေပေးချေမှု၏ ငွေကြေးကို ရွေးချယ်ရပါမည်။ ငွေလွှဲခနှင့် နိုင်ငံခြားငွေကြေးသို့ ငွေများ ပြောင်းလဲပေးသည့်အခါ Western Union (သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များ၊ မိုဘိုင်းဖုန်း သို့မဟုတ် အကောင့်ဝန်ဆောင်မှုပေးသူ) က ရရှိသည့် ငွေသည် ရွေးထားသော ငွေပေးချေမှု ငွေကြေးပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်။ နိုင်ငံအချို့တွင် ပေးပို့သူ ရွေးထားသည့် ငွေကြေးနှင့်မတူသည့် ငွေကြေးဖြင့် ငွေများကို လက်ခံရရှိဖို့ ဆုံးဖြတ်ရနိုင်ခြေ ရှိပါသည်။ Western Union (သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်များ၊ မိုဘိုင်းဖုန်း သို့မဟုတ် အကောင့် ဝန်ဆောင်မှုပေးသူ) သည် သင့်ငွေများကို ငွေလက်ခံသူက ရွေးထားသည့် ငွေကြေးသို့ ပြောင်းလဲပေးရသည့်အခါ အပိုဆောင်းငွေ ရရှိနိုင်ပါသည်။

 

အထူး ဝန်ဆောင်မှုများ

ငွေလွှဲကို လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း တယ်လီဖုန်းဖြင့် အသိပေးချက်ကို အပိုဆောင်း အဖိုးအခဖြင့် နိုင်ငံအများစုတွင် ကမ်းလှမ်းပါသည်။ ရွေးချယ်ထားသော ပို့ရန်နိုင်ငံများသို့ ချက်လက်မှတ် သို့မဟုတ် ဘဏ်စာကြမ်းအတွက် မက်ဆေ့ချ် ပေးပို့မှုကို အပိုဆောင်း အဖိုးအခဖြင့် နိုင်ငံအချို့တွင် ရနိုင်ပါသည်။ နိုင်ငံအများစုသို့ ပေးပို့သည့် ငွေလွှဲများနှင့်အတူ ဖြည့်စွက် မက်ဆေ့ချ်များကို အပိုဆောင်း အဖိုးအခဖြင့် ထည့်သွင်းနိုင်ပါသည်။

SMS – ဖြစ်နိုင်ပါက Western Union သည် လွှဲပြောင်းမှုကို ငွေလက်ခံသူ (ပေးပို့သူအတွက်) က လာရောက်ထုတ်ယူပြီးဖြစ်ကြောင်း သို့မဟုတ် ငွေများကို ထုတ်ယူနိုင်ပြီဖြစ်ကြောင်း (ငွေလက်ခံသူအတွက်) အသိပေးရန် အခမဲ့ SMS အသိပေးချက်ကို ကမ်းလှမ်းပါသည်။ ဝန်ဆောင်မှုပေးသူက ကောက်ခံသော အခကြေးငွေများအတွက် ပေးပို့သူ သို့မဟုတ် ငွေလက်ခံသူတွင်သာ တာဝန်ရှိသည်။ သက်ဆိုင်ရာဥပဒေမှ ခွင့်ပြုပါက ပေးထားသော ပေးပို့သူ နှင့်/သို့မဟုတ် ငွေလက်ခံသူတို့၏ မိုဘိုင်းနံပါတ်သို့ SMS ပေးပို့မည်ဖြစ်သည်။ Western Union သည် SMS မက်ဆေ့ချ်များကို ပေးပို့ရန်အတွက် ပြင်ပအဖွဲ့အစည်း ဂိတ်ဝေးထံသို့ ပေးပို့ပါမည်။ Western Union သည် SMS မရောက်ခြင်း သို့မဟုတ် ၎င်းပိုင်ဆိုင်သည့်စနစ်ပြင်ပတွင် ဖြစ်ပွားသော နည်းပညာချွတ်ယွင်းမှုများအတွက် တာဝန်မရှိပါ။

အကောင့်အခြေပြု ငွေလွှဲများ – ငွေလက်ခံသူသည် မိုဘိုင်းတယ်လီဖုန်းမှတစ်ဆင့် သို့မဟုတ် ဘဏ် သို့မဟုတ် အခြား အကောင့်တစ်ခုသို့ ပေးပို့သူ၏ငြေကျေးမ်ားကို လက်ခံရယူခြင်း ဖြစ်ပေါ်ပါက ၎င်းအတွက် အပိုဆောင်း အဖိုးအခများ ပေးဆောင်ရနိုင်ပါသည်။ ငွေလွှဲများကို ဒေသတွင်း (ငွေလက်ခံသူ) ငွေကြေးအကောင့်သို့ ပေးပို့ရပါမည်၊ သို့မဟုတ်ပါက ငွေလက်ခံသော အဖွဲ့အစည်းသည် ငွေကြေးများကို ၎င်းတို့၏ ကိုယ်ပိုင် လဲလှယ်နှုန်းဖြင့် ပြောင်းလဲနိုင်သည် သို့မဟုတ် ငွေလွှဲကို ငြင်းပယ်နိုင်သည်။ ငွေလက်ခံသူက ၎င်း၏ မိုဘိုင်းဖုန်းဝန်ဆောင်မှု၊ mWallet၊ ဘဏ် သို့မဟုတ် အခြားအကောင့် ဝန်ဆောင်မှုပေးသူတို့နှင့် သဘောတူညီချက်သည် အကောင့်ကို လွှမ်းမိုးပြီး ၎င်းတို့၏ အခွင့်အရေးများ၊ တာဝန်မကင်းမှု၊ အဖိုးအခများ၊ ငွေများရနိုင်မှုနှင့် အကောင့် ကန့်သတ်ချက်များကို ဆုံးဖြတ်ပေးပါသည်။ ပေးအပ်ထားသော အကောင့်နံပါတ်သည် (မိုဘိုင်းအကောင့်များအတွက် မိုဘိုင်းနံပါတ်များ အပါအဝင်) အမည်ဖော်ပြထားသော ငွေလက်ခံသူနှင့် မသက်ဆိုင်ပါက ငွေလွှဲကို ငွေပို့သူက ပေးအပ်သည့် အကောင့်နံပါတ်သို့ ထည့်သွင်းပေးပါမည်။ Western Union သည် အကောင့်တစ်ခု အသုံးပြုမှုနှင့် ဆက်စပ်နေသည့် ဝန်ဆောင်ခများမှ ဝင်ငွေရရှိပါသည်။ Western Union သည် အဖိုးအခများ၊ ဒေသတွင်းမဟုတ်သော ငွေကြေးသို့ ပြောင်းလဲခြင်းအတွက် အသုံးပြုသည့် ငွေလဲနှုန်းများ၊ ပို့ရမည့်နေရာ သို့မဟုတ် ကြားခံငွေကြေးဝန်ဆောင်မှုပေးသူများ၏ လုပ်ရပ်များ သို့မဟုတ် ချန်လှပ်မှုများအတွက် ငွေပို့သူ သို့မဟုတ် အကောင့်ပိုင်ရှင်အပေါ် တာဝန်ယူမှု မရှိပါ။

ပြန်အမ်းငွေ – ငွေလက်ခံသူထံသို့ ငွေပေးချေမှုကို 45 ရက်အတွင်း မပြုလုပ်ပါက သို့မဟုတ် ထည့်သွင်းမပေးပါက ပေးပို့သူ၏ တောင်းဆိုချက်စာဖြင့် ငွေလွှဲ၏ ငွေရင်းပမာဏကို (ငွေပြန်အမ်းမှု ပြုလုပ်ချိန်တွင် အကျုံးဝင်သည့် ဤတွင်ဖော်ပြထားသည့် သက်ဆိုင်ရာ ငွေလဲနှုန်းဖြင့်) Western Union Global Network က ငွေပြန်အမ်းပေးပါမည်။ ငွေပေးချေမှုအတွက် ရွေးချယ်ထားသည့် တည်နေရာနှင့် ရာသီဥတုဆိုးရွားခြင်း သို့မဟုတ် တယ်လီဖုန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်းကဲ့သို့ ကိုယ်စားလှယ်၏ ထိန်းချုပ်မှုပြင်ပရှိ အခြေအနေများသာမကဘဲ အခြားအခြေအနေများတွင် အလုပ်ချိန်များနှင့် ငွေကြေးရနိုင်မှုတို့ပေါ် မူတည်၍ ငွေလွှဲကို ငွေလက်ခံသူက ရွေးချယ်ထားသော ဝန်ဆောင်မှုအတွက် သတ်မှတ်ထားသောအချိန်အတွင်း မရနိုင်ပါက ငွေပို့သူ၏ စာဖြင့်တောင်းဆိုချက်ဖြင့် ငွေလွှဲခ ပြန်အမ်းမှုများကို ပြုလုပ်ပေးပါသည်။ ငွေလွှဲကို ငွေပို့သူ၏ တောင်းဆိုချက်ဖြင့် ရပ်တန့်လိုက်ပါက ငွေလွှဲခများကို ပြန်အမ်းမပေးပါ။ ငွေလွှဲအချို့အတွက် ပေးချေမှုသည် အမေရိကန် ပြည်ထောင်စု သို့မဟုတ် အခြားသက်ဆိုင်ရာ ဥပဒေများ ကျင့်သုံးမှုကြောင့် ကြန့်ကြာနိုင်ပါသည်။ ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်းအတာအထိ Western Union Global Network သည် ပေးပို့ရက်မှ တစ်နှစ်အတွင်း မထုတ်ယူသည့် ငွေလွှဲများထံမှ စီမံခန့်ခွဲမှုပိုင်း ကောက်ခံမှုကို နုတ်ဖြတ်နိုင်ပါသည်။

ကာကွယ်ပေးခြင်း – Western Union Global Network သည် စင်ကာပူနိုင်ငံ၏ ငွေပေးချေမှု ဝန်ဆောင်မှုများ အက်ဥပဒေ 2019 (“PSA”) အရ ၎င်း၏ အသုံးပြုသူများထံမှ သို့မဟုတ် ၎င်း၏အသုံးပြုသူများ၏ အကောင့်တွင် လက်ခံရရှိသည့် သက်ဆိုင်ရာ ငွေများကို ကာကွယ်ပေးရန် (PSA ၏ အပိုင်း 23(14) တွင် ဖွင့်ဆိုထားသည့်အတိုင်း) လိုအပ်ပါသည်။ Western Union Global Network သည် နည်းလမ်းနှစ်သွယ်ဖြင့် ပေါင်းစပ်၍ ၎င်း၏ အသုံးပြုသူများ၏ စုပေါင်းထားသော သက်ဆိုင်ရာ ငွေများကို ကာကွယ်ပေးရန် စီစဉ်ထားပါသည်- (က) သတ်မှတ်ပမာဏ (“အာမခံပေးထားသည့် ငွေပမာဏ”) ကို စင်ကာပူနိုင်ငံရှိ လိုင်စင်ရ ဘဏ်ဖြစ်သည့် ကာကွယ်ပေးနေသော အသင်းအဖွဲ့က ပေးအပ်သည့် အာမခံချက်ဖြင့် ကာကွယ်ပေးထားပြီး ၎င်းအရ ကာကွယ်ပေးနေသော အသင်းအဖွဲ့သည် PSA ၏ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ Western Union Global Network ၏ ဒေဝါလီခံခြင်းဖြစ်ရပ်တွင် အာမခံပေးထားသည့် ငွေပမာဏကို ပေးဆောင်ရန် လိုအပ်ပါသည်၊ ထို့အပြင် (ခ) အာမခံပေးထားသည့် ငွေပမာဏကို ကျော်လွန်သည့် သက်ဆိုင်ရာ ငွေအားလုံးနှင့်ညီမျှသည့် ပမာဏကို စင်ကာပူနိုင်ငံရှိ လိုင်စင်ရ ဘဏ်တစ်ခုလည်းဖြစ်သည့် ကာကွယ်ပေးနေသည့် အသင်းအဖွဲ့နောက်တစ်ခုဖြစ်တွင် ဖွင့်ထားသည့် ယုံမှတ်အပ်နှံငွေအကောင့်ယုံမှတ်အပ်နှံငွေအကောင့်”) တွင် ၎င်း၏ အသုံးပြုသူများကိုယ်စား Western Union Global Network က ထိမ်ချန်သွားပါမည်။ ယေဘုယျအားဖြင့် ယုံမှတ်အပ်နှံငွေအကောင့်တွင် အပ်နှံထားသည့် Western Union Global Network ၏ အသုံးပြုသူတစ်ဦးထံမှ လက်ခံရရှိသည့် သက်ဆိုင်ရာ ငွေများကို Western Union Global Network ၏ အခြားအသုံးပြုသူများထံမှ လက်ခံရရှိသည့် သက်ဆိုင်ရာ ငွေများနှင့် ရောနှောသွားပါမည်။ သို့ဖြစ်ပါ၍ သင်က အထူးသီးသန့် ပိုင်ဆိုင်သည့် ယုံမှတ်အပ်နှံငွေအကောင့်ရှိ သက်ဆိုင်ရာ ငွေများ၏ အစိတ်အပိုင်းတစ်ခုခုကို ခွဲခြားသိရှိရန်မှာ မဖြစ်နိုင်ကြောင်း (သို့မဟုတ် သက်ဆိုင်ရာငွေများကို ယုံမှတ်အပ်နှံငွေအကောင့်တွင် ထည့်သွင်းထားသည်နှင့်ဆန့်ကျင်၍ အာမခံချက်တွင် လွှမ်းခြုံထား၊ မထားကို ဖော်ထုတ်ရန်မှာ မဖြစ်နိုင်ကြောင်း) နှင့် အခြား အသုံးပြုသူများ၏ တာဝန်များ ပြည့်မီရန် ယုံမှတ်အပ်နှံငွေအကောင့်ရှိ ငွေများကို ထုတ်ယူနိုင်ကြောင်းကို သင်သိရှိနားလည်ပါသည်။ ယုံမှတ်အပ်နှံငွေအကောင့်ကို ထိန်းသိမ်းထားသည့် ကာကွယ်ပေးနေသော အသင်းအဖွဲ့ ဒေဝါလီခံလိုက်ပါက သက်ဆိုင်ရာငွေများအတွက် သင်၏ ခံစားပိုင်ခွင့် အပြည့်အဝ ပြန်လည်ရရှိရန် ကြန့်ကြာနိုင်သည် သို့မဟုတ် တားမြစ်ခံရနိုင်သည်။

တာဝန်ရှိမှု – WESTERN UNION အနေဖြင့် WESTERN UNION ငွေလွှဲမှုအရ ပေးချေရသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခု၏ သင့်လျော်မှု သို့မဟုတ် ပို့ဆောင်မှုများအတွက် အာမခံချက်မပေးပါ။ ပေးပို့သူ၏ ငွေလွှဲအချက်အလက်များသည် လျှို့ဝှက်ထားရှိရန်ဖြစ်ပြီး လက်ခံရရှိသူမှအပ အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရပါ။ ပေးပို့သူအနေဖြင့် မိမိနှင့်မသိကျွမ်းသော မည်သူမဆိုအား ငွေမပေးပို့မိစေရန် သတိပေးအပ်ပါသည်။ ပေးပို့သူသည် ငွေလွှဲအချက်အလက်များကို လက်ခံရရှိသူအပြင် အခြားသူများအား ပြောပြလျှင် WESTERN UNION သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်အနေဖြင့် မည်သည့်အဖြစ်အပျက်ကိုမဆို တာဝန်ယူမည်မဟုတ်ပါ။ မည်သည့်ကိစ္စရပ်တွင်မဆို WESTERN UNION သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များသည် ၎င်းတို့၏အလုပ်သမားနှင့် ကိုယ်စားလှယ်များ၏ ပေါ့ဆမှုသို့မဟုတ် အခြားအကြောင်းအရင်းကြောင့်ဖြစ်သည့် နှောင့်နှေးမှု၊ ငွေမပေးချေမှု သို့မဟုတ် ပေးချေနေဆဲဖြစ်သော ငွေလွှဲ သို့မဟုတ် နောက်ဆက်တွဲ အမှာစကားတစ်စုံတစ်ရာ မရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုသည် ငွေကြေးပမာဏ US$500 (ငွေလွှဲ၏ငွေရင်းပမာဏနှင့် ငွေလွှဲခပြန်အမ်းခြင်းအပြင်) ထက်ကျော်လွန်ပါက တာဝန်ယူမည်မဟုတ်ပါ။ မည်သည့်အခြေအနေတွင်မဆို WESTERN UNION သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များသည် သွယ်ဝိုက်သော၊ ထူးခြားသော၊ မတော်တဆဖြစ်သော၊ ဆက်စပ်ဖြစ်သော ထိခိုက်မှုများအတွက် တာဝန်မယူပါ။ အထက်ဖော်ပြပါ ငြင်းဆိုချက်သည် WESTERN UNION သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များ၏ ရည်ရွယ်ချက်ရှိရှိပေါ့ဆမှု သို့မဟုတ် မသိနားမလည်မှု သို့မဟုတ် အသက်သေဆုံးမှု သို့မဟုတ် ဒဏ်ရာရရှိမှုစသည့် ထိုကဲ့သို့ တာဝန်ယူမှုဆိုင်ရာကန့်သတ်ချက် ကျိုးကြောင်းညီညွတ်မှုမရှိသည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများအတွက် WESTERN UNION ၏ တာဝန်ရှိမှုအား ကန့်သတ်ခြင်းမရှိပါ။

ကိုယ်စားလှယ်တစ်ဦးသည် ချက်လက်မှတ်မူကြမ်း၊ ခရက်ဒစ် သို့မဟုတ် ဒက်ဘစ်ကတ် သို့မဟုတ် အခြား ငွေသားမဟုတ်သော ငွေပေးချေမှုပုံစံတစ်ခုကို လက်ခံရရှိသည့်အခါ ငွေပေးချေမှုပုံစံသည် ငွေထုတ်ယူ၍မရနိုင်ပါက Western Union က ဖြစ်စေ သို့မဟုတ် ကိုယ်စားလှယ်ကဖြစ်စေ ငွေလွှဲကို စီမံဆောင်ရွက်ရန် သို့မဟုတ် ပေးဆောင်ရန် တာဝန် တစ်စုံတစ်ရာရှိသည်ဟု မယူဆပါ သို့မဟုတ် အဆိုပါ ငွေထုတ်ယူမရနိုင်ခြင်း အကြောင်းရင်းကြောင့် ငွေလွှဲအတွက် ငွေမပေးချေမှုမှ ဖြစ်လာသည့် ပျက်စီးမှုများအတွက် တာဝန်ခံမှုရှိသည်ဟု မယူဆပါ။ Western Union Global Network သည် စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ကမ်းလှမ်းထားသော ဝန်ဆောင်မှုကို အသိမပေးဘဲ ပြောင်းလဲပိုင်ခွင့် ရှိပါသည်။ Western Union နှင့် ၎င်း၏ကိုယ်စားလှယ်များသည် လူပုဂ္ဂိုလ်တစ်ဦးဦးထံ ဝန်ဆောင်မှု ဖြည့်ဆည်းပေးရန် ငြင်းဆိုနိုင်ပါသည်။

ဒေတာ ကာကွယ်မှု – သင်၏ ကိုယ်ရေး အချက်အလက်ကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ စီမံဆောင်ရွက်ပြီး Western Union က ထိန်းချုပ်ပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို အသုံးပြုချိန်တွင် ကျွန်ုပ်တို့ထံ သင်ပေးအပ်သည့် ကိုယ်ရေး အချက်အလက်များအပြင် သင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံမှုအတွင်း စုဆောင်း သို့မဟုတ် ထုတ်ယူသည့် အခြား အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ၎င်းတွင် ငွေလွှဲများ၊ ငွေတောင်းခံလွှာပေးချေမှု၊ သစ္စာရှိမှု သို့မဟုတ် အဖွဲ့ဝင်အစီအစဉ် အသေးစိတ်များ၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ ယခင် အသုံးပြုမှု ရာဇဝင်နှင့် မားကတ်တင်း ရွေးချယ်မှုများကဲ့သို့ အခြားဝန်ဆောင်မှုများမှ သတင်းအချက်အလက်များ ပါဝင်ပါသည်။ သင်တောင်းဆိုခဲ့သည့် ဝန်ဆောင်မှုများနှင့် စီမံခန့်ခွဲခြင်း၊ သုံးစွဲသူဝန်ဆောင်မှု၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး၊ လေးစားလိုက်နာရေးနှင့် ဥပဒေ တာဝန်များကဲ့သို့ လုပ်ဆောင်ချက်များကို ပေးအပ်ရန်၊ သင်၏ အသေးစိတ်အချက်များကို အထောက်အထားပြရန်၊ ကျွန်ုပ်တို့ ဆုပ်ကိုင်ထားသည့် အချက်အလက်များ၏ စိစစ်ချက်နှင့် သုတေသန ပြုလုပ်ခြင်းဖြင့် ကျွန်ုပ်တို့၏ အသုံးပြုသူများကို နားလည်နိုင်စေရန်၊ လိမ်လည်မှု၊ အကြွေးနှင့် ခိုးယူမှုကို တားဆီးပြီး ထောက်လှမ်းနိုင်ရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို တိုးတက်အောင်လုပ်ရန်နှင့် သင့်ရွေးချယ်မှုများအလိုက် အီးမေးလ်၊ တယ်လီဖုန်း၊ စာတိုက်၊ SMS နှင့် အခြား ဆက်စပ်သော ချန်နယ်ဖြင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများ ပေးပို့ရန် ဤအချက်အလက်များကို အသုံးပြုပါသည်။

Western Union သည် အခြား ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပြင် သင်စာရင်းသွင်းထားသည့် သက်သာချောင်ချိရေး နှင့်/သို့မဟုတ် ဆုငွေများ ပရိုဂရမ်များမှ သတင်းအချက်အလက်များကို အသုံးပြုနိုင်သည့်၊ ကျွန်ုပ်တို့နှင့်အတူ လုပ်ကိုင်သည့် အခြားလုပ်ငန်းများထံမှ ရယူနိုင်သည့်အပြင် ၎င်းတို့နှင့် မျှဝေနိုင်သည်။ ဤသတင်းအချက်အလက်များကို ဤအပိုင်းပါ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။ ငွေလွှဲကို စီမံဆောင်ရွက်ရန်အလို့ငှာ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို လက်ခံရရှိသူ၏ အသေးစိတ်အချက်များ အပါအဝင် အခြားလူတစ်ဦးနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ကို သင်ပေးအပ်သည့် သတင်းအချက်အလက်များကို စွဲကိုင်ပြီး ထိန်းသိမ်းထားပါမည်။ ဤသတင်းအချက်အလက် မပေးအပ်ခင် သင်သည် ဤအပိုင်းတွင် သတ်မှတ်ထားသည့်အတိုင်း ဤသတင်းအချက်အလက် အသုံးပြုမှုနှင့်ပတ်သက်ပြီး အခြားလူကို အကြောင်းကြားကာ ထိုလူထံမှ ခွင့်ပြုချက် ရယူထားရန် တာဝန်ရှိသည်။ ဤသတင်းအချက်အလက် ပြဋ္ဌာန်းချက်သည် ချန်လှပ်ထားနိုင်သော အချက်အလက်ဖြစ်သော်လည်း လွှဲပြောင်းမှုကို စီမံဆောင်ရွက်ရန်နှင့် သင့်အတွက် အဆိုပါဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးရန် လိုအပ်ပါသည်။ ၎င်းမပါရှိဘဲ Western Union သည် ငွေလွှဲပို့မှု သို့မဟုတ် ငွေပေးချေသည့်ဝန်ဆောင်မှုကို စီမံလုပ်ဆောင်မပေးနိုင်ပါ၊ အဆင်ပြေသော လုပ်ဆောင်ချက်များ သို့မဟုတ် အခြားသော တောင်းဆိုထားသည့်ဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်မပေးနိုင်ပါ။

ကျွန်ုပ်တို့သည် ဤအပိုင်းတွင် သတ်မှတ်ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် အမေရိကန်ပြည်ထောင်စုရှိ ဆက်စပ်ကုမ္ပဏီများအပါအဝင် မူလက အချက်အလက်များကို ရယူ သို့မဟုတ် ဖန်တီးထားသည့် နိုင်ငံမဟုတ်သော အခြားနိုင်ငံများတွင် တည်ရှိသည့် အဖွဲ့အစည်းများထံ ကျွန်ုပ်တို့တွင်ရှိထားသော အချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။ ဒေတာလွှဲပြောင်းမှု အမျိုးအစားများတွင် ကိုယ်ရေးကိုယ်တာအရ ခွဲခြားသတ်မှတ်နိုင်သော အချက်အလက်များ၊ ဆက်သွယ်ရန်အသေးစိတ်အချက်များနှင့် ငွေလွှဲပို့မှုနှင့် ဆက်စပ်နေသည့် အချက်အလက်များ၊ လွှဲပြောင်းမှု မှတ်တမ်း၊ နှင့် သင်က ဖော်ပြပေးထားသည့် အခြားသောအချက်အလက်များ ပါဝင်ပါသည်။ ငွေလွှဲပို့မှု၊ အနာဂတ်ဝန်ဆောင်မှုများကို လုပ်ဆောင်ရန် သို့မဟုတ် ကူညီပေးရန်၊ သို့မဟုတ် ဤအပိုင်းတွင် သတ်မှတ်ဖော်ပြထားသည့် အကြောင်းရင်းများ သို့မဟုတ် အသုံးပြုမှုများအတွက် ထိုသို့လုပ်ဆောင်ရန် အကျိုးအကြောင်းသင့်စွာ လိုအပ်လာပါက ကျွန်ုပ်တို့၏လုပ်ငန်းကို လုပ်ဆောင်ရန် အကူအညီပေးနေသူများအပါအဝင် အခြားသော အဖွဲ့အစည်းများနှင့် ခွင့်ပြုပေးထားသော ဝန်ဆောင်မှုပေးသူများထံ အချက်အလက်များကို ဖော်ပြပေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင်ကဖော်ပြပေးထားသည့် သင့်အချက်အလက်များ၏ တိကျမှုကို သက်သေပြသည့် အချက်အလက်များအပါအဝင် အခြားသော လုပ်ငန်းများ သို့မဟုတ် လူပုဂ္ဂိုလ်များထံမှ အချက်အလက်များဖြင့် သင်ဖော်ပြပေးထားသော အချက်အလက်များတွင် ထပ်ဖြည့်နိုင်ပါသည်။ Western Union နှင့် ကမ္ဘာတစ်ဝှမ်းရှိ ကျွန်ုပ်တို့၏ ဆက်စပ်ကုမ္ပဏီများသည် သင့်အမည်၊ သုံးစွဲသူ ID နံပါတ်၊ လိပ်စာနှင့် ဘဏ်အကောင့်အချက်အလက်များအပါအဝင် ထိုမျှမကသော သင်၏ ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော်ပြနိုင်ပါသည်၊ (i) ကျွန်ုပ်တို့က ပြည်တွင်း သို့မဟုတ် နိုင်ငံခြား ဥပဒေ သို့မဟုတ် တရားရေးလုပ်ငန်းစဉ်အရ ထိုသို့လုပ်ဆောင်ရန် လိုအပ်ပါက သို့မဟုတ် (ii) ငွေကြေးခဝါချခြင်းနှင့် ဆက်စပ် ရာဇဝတ်မှုမြောက်သော လှုပ်ရှားမှု အပါအဝင် ရာဇဝတ်မှုများကို ထောက်လှမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ တရားစွဲဆိုခြင်းနှင့် တားဆီးခြင်းကဲ့သို့ ရည်ရွယ်ချက်များအတွက် ဥပဒေစိုးမိုးရေး အာဏာပိုင်များ သို့မဟုတ် အခြား အစိုးရအရာရှိများ (ဤနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု သို့မဟုတ် အခြားနိုင်ငံ အပါအဝင်) ထံ၊ နှင့် ငွေလက်ခံသူများကလည်း အဆိုပါ ရည်ရွယ်ချက်များအပြင် အခြား ဆက်စပ်ရည်ရွယ်ချက်များအတွက် ကိုယ်ရေးအချက်အလက်များကို ထပ်လောင်း ထုတ်ပေးနိုင်သည်။

သင်သည် သင့်အချက်အလက်များကို ကြည့်ရှုကာ ၎င်း၏မိတ္တူကို ကျွန်ုပ်တို့ထံမှ တောင်းခံပိုင်ခွင့်ရှိပြီး ၎င်းအတွက် ကျွန်ုပ်တို့က အဖိုးအခ အနည်းငယ်ကောက်ခံနိုင်ပါသည်။ သင်သည် ပြည့်စုံမှုမရှိသော၊ မတိကျသော၊ သို့မဟုတ် ဒိတ်အောက်နေသော အချက်အလက်များကို ပြင်ဆင်နိုင်ပါသည်၊ ဖျက်ပစ်နိုင်ပါသည်၊ သို့မဟုတ် ကျွန်ုပ်တို့၏အသုံးပြုမှုကို ကန့်သတ်နိုင်ပါသည်။ ဝန်ဆောင်မှုကို ပြီးအောင်လုပ်ရန် ထိုသို့သောလုပ်ဆောင်ခြင်းကို မလိုအပ်သည့်အခါတွင် ဥပဒေ သို့မဟုတ် စည်းမျဉ်းများအရ သတ်မှတ်ထားသော တရားဝင်အကြောင်းရင်းများအတွက် သင့်အချက်အလက်များ အသုံးပြုမှုကို အချိန်မရွေး ကန့်ကွက်နိုင်ပါသည်။ သင်သည် ဤလုပ်ပိုင်ခွင့်များကို ကျင့်သုံးလိုပါက သို့မဟုတ် Western Union ထံမှ လုပ်ငန်းဆိုင်ရာ အသိပေးချက်များကို လက်ခံရရှိလိုခြင်း မရှိတော့ပါက ပုံမှန် အလုပ်ချိန်များအတွင်း အောက်ပါနံပါတ်ကို အသုံးပြု၍ Western Union Global Network ကို ခေါ်ဆိုပါ။

စာချုပ်နှင့် အသုံးပြုသူ ဆက်ဆံရေးများ – ကျွန်ုပ်တို့၏ စာချုပ်သည် ပေးပို့သူနှင့် သက်ဆိုင်ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်စား ငွေပေးပို့သည့် ပေးပို့သူကဲ့သို့သော အခြား မည်သည့်အဖွဲ့အစည်းအတွက်မျှ တာဝန်မရှိပါ။ သင်သည် ဝန်ဆောင်မှုကို စိတ်ကျေနပ်ခြင်းမရှိပါက အောက်ပါ နံပါတ်သို့ တယ်လီဖုန်းဖြင့် ဆက်သွယ်သင့်ပါသည်။ ကိုယ်စားလှယ်တစ်ဦးသည် သင့်စိုးရိမ်မှုများကို မျှတစွာနှင့် လျင်မြန်စွာ စုံစမ်းစစ်ဆေးပါမည်။

Western Union ငွေလွှဲ ဝန်ဆောင်မှုကို Western Union Global Network Pte. Ltd. က လုပ်ကိုင်ခွင့်ရ ကိုယ်စားလှယ်များနှင့် ကိုယ်စားပြုပုဂ္ဂိုလ်များ၏ ကွန်ရက်တစ်ခုမှတစ်ဆင့် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် Western Union Financial Services, Inc. (လုပ်ငန်းသုံး ဝန်ဆောင်မှုများဆိုင်ရာ လွှဲပြောင်းမှုများအတွက်) နှင့် အိုင်ယာလန်နိုင်ငံ ကုမ္ပဏီတစ်ခုဖြစ်သည့် Western Union International Limited (ငွေလွှဲများအတွက်) တို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးပါသည်။

အသုံးပြုသူ ဝန်ဆောင်မှုအတွက် +65 6336 2000 ကို ခေါ်ဆိုပါ

© 2021 WESTERN UNION HOLDINGS, INC. မူပိုင်ခွင့်အားလုံး လက်ဝယ်ရှိပါသည်။ 2021 ခုနှစ်၊ ဇန်နဝါရီလတွင် နောက်ဆုံးပြင်ဆင်ထားသည်