< ဥပဒေရေးရာ

ဂျပန်နိုင်ငံအတွက် အွန်လိုင်း ငွေလွှဲပို့မှု စည်းမျဉ်းစည်းကမ်းများ

ကျွန်ုပ်တို့၏ စည်းမျဉ်းစည်းကမ်းများကို လက်မခံမီ အဆိုပါစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုပြီး နားလည်ရန် အရေးကြီးပါသည်။ အဆိုပါစည်းမျဉ်းစည်းကမ်းများတွင် သင့်အတွက် ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများသာမက ကျွန်ုပ်တို့၏ WESTERN UNION ® အွန်လိုင်းဝန်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသော သင်၏ နစ်နာဆုံးရှုံးမှုအတွက် တာဝန်ယူမှုဆိုင်ရာ ကန့်သတ်မှုများနှင့် ခြွင်းချက်ထားမှုများ ပါဝင်ပါသည်။ စာလုံးအမည်းဖြင့် ထင်ရှားစွာ ဖော်ပြထားပါသည်။ Western Union ၏ အွန်လိုင်းဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် သင်သည် အဆိုပါစည်းမျဉ်းစည်းကမ်းများအပြင် သက်ဆိုင်သော မည်သည့်ဥပဒေကိုမဆို လိုက်နာရန် သဘောတူရာရောက်ပါသည်။

ကျွန်ုပ်တို့၏စည်းမျဉ်းစည်းကမ်းများတွင် အောက်ပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များကို အသုံးပြုပါသည်-

  1. ဘဏ်ကတ်” သည် Visa® ကတ် သို့မဟုတ် MasterCard®၊ ခရက်ဒစ်ကတ် သို့မဟုတ် ဒက်ဘစ်ကတ်ကို ရည်ညွှန်းသည်၊
  2. ကတ်ထုတ်ပေးသူ” သည် ဘဏ်ကတ်၏ ထုတ်ပေးသူနှင့် ပိုင်ရှင်ကို ရည်ညွှန်းသည်၊
  3. ငွေပေးချေမှု နည်းလမ်း” သည် Western Union အွန်လိုင်းဝန်ဆောင်မှုမှတစ်ဆင့် ငွေလွှဲတစ်ခုကို ငွေဖြည့်ပေးရန် ငွေပို့သူက အသုံးပြုနိုင်သည့် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားနိုင်သော နည်းလမ်းများကို ရည်ညွှန်းပြီး ၎င်းတွင် ဘဏ်ကတ်၊ ဘဏ်ငွေလွှဲ၊ ရွေးထားသော ငွေထုတ်ယူစင်တာများမှတစ်ဆင့် ပေးချေမှုနှင့် ကျွန်ုပ်တို့ထံသို့ပို့သော အခြား ငွေပေးချေမှု နည်းလမ်းများ ပါဝင်ကောင်းပါဝင်နိုင်သည်။ 1
  4. တားမြစ်ထားသော ရည်ရွယ်ချက်” သည် လောင်းကစားဝန်ဆောင်မှုမှ ရရှိသော သို့မဟုတ် ထိုဝန်ဆောင်မှုအတွက် ပေးအပ်သော ငွေပေးချေမှု၊ လောင်းကစားချစ်ပ်များ သို့မဟုတ် အကြွေးများ လက်ခံရယူခြင်း သို့မဟုတ် ပေးချေခြင်း သို့မဟုတ် မိမိ၏ ဘဏ္ဍာရေးခိုင်မာကြောင်း ဟန်ဆောင်ရန် ကိုယ့်ကိုယ်ကိုယ်ပြန်၍ ငွေပေးပို့ခြင်း (လိမ်လည်မှု အန္တရာယ်) သို့မဟုတ် တစ်စုံတစ်ယောက်ကိုယ်စား ငွေပေးပို့ခြင်း သို့မဟုတ် လက်ခံရယူခြင်း တို့အပါအဝင် ထိုမျှမကသော ဥပဒေနှင့်မညီညွတ်သည့် ရည်ရွယ်ချက်များကို ရည်ညွှန်းသည်။
  5. ငွေလက်ခံသူ” သည် ငွေလွှဲအတွက် အကျိုးခံစားခွင့်ရှိသူအဖြစ် အမည်တပ်ခံရသူကို ရည်ညွှန်းသည်၊
  6. ပေးပို့သူ” သည် Western Union အွန်လိုင်းဝန်ဆောင်မှုမှ တစ်ဆင့် ငွေစတင်လွှဲပြောင်းသူကို ရည်ညွန်းသည်၊
  7. လွှဲပြောင်းမှု” သည် Western Union အွန်လိုင်းဝန်ဆောင်မှုမှတစ်ဆင့် သင်က စတင်သော ငွေလွှဲအားလုံးကို ရည်ညွန်းသည်၊
  8. Western Union“၊ “ကျွန်ုပ်တို့“၊ “ကျွန်ုပ်တို့၏” သို့မဟုတ် “ကျွန်ုပ်တို့သည်” သည် Western Union Japan KK ကို ရည်ညွှန်းပြီး ဤစည်းမျဉ်းစည်းကမ်းများ၏ အပိုဒ် 9 နှင့် “ပေါ့ဆမှု သို့မဟုတ် ကျွန်ုပ်တို့ကိုယ်စား လိမ်လည်မှု” ကို ရည်ညွှန်းသော အကိုးအကားများအရ Western Union အွန်လိုင်း ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်ရန် Western Union Japan KK မှဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်သော Western Union အဖွဲ့ဝင်ကုမ္ပဏီများ သို့မဟုတ် ကိုယ်စားလှယ်များကို ရည်ညွှန်းပါသည်။
  9. Western Union အွန်လိုင်းဝန်ဆောင်မှု” သည် Western Union ဝဘ်ဆိုက်မှတစ်ဆင့် ဆောင်ရွက်ပေးသော ငွေလွှဲဝန်ဆောင်မှုများကို ရည်ညွှန်းသည်၊
  10. Western Union ဝဘ်ဆိုက်” သို့မဟုတ် “ဝဘ်ဆိုက်” သည် အွန်လိုင်းငွေလွှဲဝန်ဆောင်မှုများနှင့် Western Union မိုဘိုင်းအက်ပလီကေးရှင်းများအား ဆောင်ရွက်ရန် အသုံးပြုသော ဝဘ်ဆိုက်ကို ရည်ညွှန်းသည်၊
  11. သင်“၊ “သင်ပိုင်ဆိုင်သော” သို့မဟုတ် “သင်၏” သည် Western Union ဝဘ်ဆိုက်တွင် ပေးပို့သူအနေဖြင့် ဆောင်ရွက်သောသူအားလုံးကို ရည်ညွှန်းသည်။
  12. ကျွန်ုပ်တို့အကြောင်း

1.1. Western Union အွန်လိုင်းဝန်ဆောင်မှုကို Metro City Kamiyacho 7F၊ 1-5 Toranomon 5-chome၊ Minato-ku၊ Tokyo၊ Japan ရှိ ၎င်း၏ မှတ်ပုံတင်ထားသောရုံးခန်းဖြင့် Western Union Japan KK (ကုမ္ပဏီနံပါတ်- 0104-01-114302) က ပေးစွမ်းထားပါသည်။

1.2. Western Union® ငွေလွှဲများကို ကမ္ဘာအနှံ့ရှိ Western Union® ကိုယ်စားလှယ်ရုံးတည်နေရာများမှ ပေးပို့ထုတ်ယူနိုင်ပါသည်။ Western Union ကိုယ်စားလှယ် (“ကိုယ်စားလှယ်”) နေရာ၏ ရုံးချိန်များပေါ် မူတည်၍ ပုံမှန်ငွေလွှဲများအား လက်ခံသူက များသောအားဖြင့် မိနစ်ပိုင်းအတွင်း ရယူနိုင်ပါသည်။ သင်သည် သုံးစွဲသူကူညီရေး ဖုန်း 0120-961-623 သို့ ဆက်သွယ်ခြင်းဖြင့် လိပ်စာများနှင့် ကိုယ်စားလှယ်ရုံး တည်နေရာ ဖွင့်လှစ်ချိန်များအကြောင်း အချက်အလက်များ ရရှိနိုင်သည် သို့မဟုတ် သင်က ကျွန်ုပ်တို့နှင့် ချတ်လုပ်နိုင်သည်

1.3. ဂျပန်နိုင်ငံတွင် အမျိုးအစား 2 ငွေကြေးလွှဲပို့မှု ဝန်ဆောင်မှုလုပ်ငန်းကို ပေးစွမ်းကာ ယန်း 1,000,000 သို့မဟုတ် ၎င်းအောက် ငွေကြေးလွှဲပို့မှုများကို လုပ်ဆောင်ရန် Western Union Japan KK ကို Kanto Local Finance Bureau (စာရင်းသွင်းမှတ်ပုံတင်နံပါတ်- 00039) က လိုင်စင်ထုတ်ပေးထားပါသည်။

 

  1. ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

2.1. Western Union အွန်လိုင်း ဝန်ဆောင်မှုသည် ပြည်တွင်းနှင့် ပြည်ပရှိ ၎င်း၏ကိုယ်စားလှယ်များနှင့် စီစဉ်ချိတ်ဆက်ကာ ငွေလွှဲဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသည်။ Western Union အွန်လိုင်း ဝန်ဆောင်မှုကို အသုံးပြုရန်အတွက် သင်သည် အနည်းဆုံး 18 နှစ် ပြည့်ပြီးရမည်ဖြစ်ပြီး ဂျပန်နိုင်ငံတွင် နေထိုင်သူဖြစ်ရမည်။ ငွေလွှဲမှုတိုင်းအတွက် သီးသန့် ငွေလွှဲမှုနံပါတ်၊ ငွေလွှဲထိန်းချုပ်နံပါတ် သို့မဟုတ် “MTCN” ကို ရရှိမည်ဖြစ်သည်။

2.2. ငွေလွှဲမှုအမှာစာတစ်ခုကို လုပ်ဆောင်ရန် လိုအပ်သည့် အချက်အလက်များကို ဖြည့်သွင်းခြင်း၊ သဘောတူခြင်းနှင့် ငွေလွှဲ၏ အခြေခံပမာဏနှင့် ကျွန်ုပ်တို့၏စရိတ်များကို ပေးချေခြင်းနှင့် ဤစည်းမျဉ်းစည်းကမ်းများကို လက်ခံခြင်းအားဖြင့် ငွေလက်ခံသူသည် အဆိုပါအမှာစာနှင့်သက်ဆိုင်သော ငွေလွှဲကို ကျွန်ုပ်တို့ လက်ခံထားသည့်အတိုင်း ဤစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် Western Union အား ညွှန်ကြားရာရောက်ပါသည်။ ငွေလွှဲမှုအမှာစာတိုင်းသည် အဆိုပါအမှာစာနှင့်သာ သက်ဆိုင်သော ငွေလွှဲအားဆောင်ရွက်ခြင်းနှင့်သာ စပ်လျဉ်းသည့် Western Union နှင့် ပေးပို့သူကြားတွင် ချုပ်ဆိုသော သီးခြားသဘောတူစာချုပ်တစ်ခုပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် အခြား မည်သည့်အဖွဲ့အစည်းအတွက်မျှ တာဝန်မရှိပေ။ မည်သည့်အချိန်၌မဆို ယင်းသည် သီးခြားနှင့် ဆက်စပ်ငွေလွှဲများအား ဆောင်ရွက်ပေးရန် ကျွန်ုပ်တို့အားတောင်းဆိုသည့် သင်နှင့် ကျွန်ုပ်တို့ကြားတွင် ချုပ်ဆိုထားသော ကန့်သတ်ချက်တစ်ရပ် သို့မဟုတ် သဘောတူစာချုပ်တစ်ခု ဖြစ်ပါသည်။ ငွေပေးပို့သူမှ ငွေလွှဲလက်ခံမည့်သူအား သင့်လျော်စွာ အကြောင်းကြားရမည်။

2.3. ဥပဒေပြဋ္ဌာန်းချက် သို့မဟုတ် စည်းမျဉ်းအရ လိုအပ်ချက်များတွင် ငွေပေးချေမှုနည်းလမ်းမှတစ်ဆင့် သင့်ထံမှ ငွေလက်ခံရရှိသော နေ့ရက် (“လက်ခံရရှိသည့်ရက်”) ပြီး နောက်နေ့ကုန်ဆုံးချိန်ထက် နောက်မကျဘဲ ငွေလက်ခံမည့်သူမှ ငွေများကို ထုတ်ယူနိုင်စေရန် ကျွန်ုပ်တို့ တာဝန်ယူဆောင်ရွက်ပေးပါသည်။ လက်ခံရရှိသည့်အချိန်ဟူသည်မှာ လွှဲပို့ရန်ငွေများနှင့် ထိုလွှဲပြောင်းမှုနှင့် ဆက်စပ်သော ဝန်ဆောင်ခများအား ကျွန်ုပ်တို့ လက်ခံရရှိသည့်အချိန်ကို ဆိုလိုပါသည်။ ဘဏ်စာရင်းသို့လွှဲပို့သော ငွေလွှဲများသည် ယေဘုယျအားဖြင့် ရုံးဖွင့်ရက် 5 ရက် ကြာမြင့်သော်လည်း မိုဘိုင်းပိုက်ဆံအိတ်သို့ ပေးပို့သောငွေသည် များသောအားဖြင့် မိနစ်ပိုင်းအတွင်း ရောက်ရှိပါသည်။ ပုံမှန်ငွေလွှဲမှုများတွင် ပုံမှန်အားဖြင့် သက်ဆိုင်ရာ ကိုယ်စားလှယ်နေရာ၏ လုပ်ငန်းဆောင်ရွက်ချိန်အလိုက် ပိုက်ဆံအား မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်ပါသည်။ အချို့သော နိုင်ငံများအတွက်မူ ဝန်ဆောင်မှုသည် နှောင့်နှေးနိုင်ပါသည် သို့မဟုတ် အခြားကန့်သတ်ချက်များ သက်ရောက်မှုရှိနိုင်ပါသည်။ အခြားအချက်အလက်များကို ထပ်မံသိရှိလိုပါက အဆိုပါစည်းမျဉ်းစည်းကမ်းများ၏ အပိုဒ်ခွဲ 1.2 တွင် ဖော်ပြပါရှိသည့် ဖုန်းနံပါတ်သို့ ဆက်သွယ်ပါ။

2.4. Western Union အွန်လိုင်းဝန်ဆောင်မှုသည် ကိုယ်စားလှယ်ရုံးတွင် ငွေထုတ်ယူခြင်း၊ ဖြစ်နိုင်ပါက ဘဏ်စာရင်းတစ်ခု သို့မဟုတ် ဖုန်းနံပါတ်တစ်ခုသို့ တိုက်ရိုက်ငွေလွှဲခြင်းအပါအဝင် ငွေလက်ခံမည့်သူမှ ငွေလက်ခံနိုင်မည့်နည်းလမ်းအမျိုးမျိုးကို ဆောင်ရွက်ပေးပါသည်။ ပိုက်ဆံကို ငွေသားဖြင့် ထုတ်ယူရာတွင် လက်ခံသူသည် အထူးသဖြင့် ပေးပို့သူ၏အမည်၊ ငွေပေးပို့သည့်နိုင်ငံ၊ လက်ခံသူအမည်၊ ခန့်မှန်းခြေ ငွေလွှဲပမာဏ နှင့် MTCN ကဲ့သို့သော ငွေထုတ်ယူရာတွင် မဖြစ်မနေလိုအပ်သည့် အခြားလိုအပ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကဲ့သို့သော Western Union မှ တောင်းဆိုသည့် ငွေလွှဲမှုဆိုင်ရာ အသေးစိတ်အချက်အလက်များအပြင် သူ သို့မဟုတ် သူမ၏ ကိုယ်ရေးအထောက်အထားအပြည့်အစုံကို ပြသရမည်ဖြစ်သည်။ အထောက်အထားစာရွက်စာတမ်းများကို စစ်ဆေးအတည်ပြုပြီးနောက် ငွေလက်ခံသင့်သည်ဟု ယူဆရသော ငွေလက်ခံသူထံ Western Union သို့မဟုတ် ၎င်း၏ ကိုယ်စားလှယ်က ငွေလွှဲကို ပေးချေမည်ဖြစ်သည်။ ငွေလက်ခံမည့်သူဖော်ပြသော ငွေလွှဲအချက်အလက်များ၌ အသေးစားအမှားအယွင်းများ ပါဝင်လျှင်ပင် ငွေပေးချေမှုများကို ထိခိုက်နိုင်သည်။ Western Union နှင့် ၎င်း၏ကိုယ်စားလှယ်တို့သည် ငွေလက်ခံသူ၏ နေရပ်လိပ်စာ အသေးစိတ်အချက်အလက်ကို ယှဉ်ကြည့်မည်မဟုတ်ပါ။ ပိုက်ဆံလက်ခံရယူရန်အတွက် လက်ခံသူအား စမ်းသပ်မေးခွန်းတစ်ခုကို ဖြေဆိုရန် တောင်းဆိုနိုင်ပါသည်။ စမ်းသပ်မေးခွန်းများတွင် ထပ်လောင်း လုံခြုံရေးဆိုင်ရာ အင်္ဂါရပ်များ မပါဝင်ဘဲ ၎င်းတို့ကို ငွေလွှဲအား အချိန်ဆွဲရန် သို့မဟုတ် နှောင့်နှေးစေရန် အသုံးမပြုနိုင်သည့်အပြင် ယင်းတို့ကို အချို့နိုင်ငံများတွင် တားမြစ်ထားပါသည်။ ဘဏ်အကောင့် သို့မဟုတ် မိုဘိုင်းဖုန်းတစ်ခုသို့ ပေးပို့သောငွေလွှဲအတွက် Western Union သည် ပေးပို့သူ သတ်မှတ်သောအကောင့်သို့ ငွေလွှဲပေးမည်ဖြစ်သည်။ ဘဏ်စာရင်းနံပါတ်ပိုင်ရှင် ( မိုဘိုင်းဖုန်းအကောင့်များအတွက် မိုဘိုင်းဖုန်းနံပါတ်များအပါအဝင်) နှင့် ရည်ရွယ်သော လက်ခံသူ၏ အမည်နှင့် ကိုက်ညီမှုမရှိသောဖြစ်ရပ်တွင် ပေးပို့သူ ဖော်ပြထားသော ဘဏ်စာရင်းနံပါတ်သို့သာ ငွေလွှဲ ထည့်သွင်းပေးမည်ဖြစ်သည်။

2.5. သက်ဆိုင်ရာ ဥပဒေများတွင် ငွေလွှဲဝန်ဆောင်မှုပေးသူအား အချို့သော လူပုဂ္ဂိုလ် သို့မဟုတ် နိုင်ငံများနှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို တားမြစ်ထားသည်၊ Western Union သည် လွှဲပြောင်းမှုများအားလုံးကို အမေရိကန် ဘဏ္ဍာရေးဌာန၏ နိုင်ငံရပ်ခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC) နှင့် ဥရောပသမဂ္ဂအပါအဝင် ကျွန်ုပ်တို့ လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံများနှင့် နယ်မြေများ၏ အစိုးရများမှ ဖော်ပြထားသော အမည်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးရန် လိုအပ်ပါသည်။ ဖြစ်နိုင်သော ကိုက်ညီမှုတစ်ခုကို တွေ့ရှိပါက Western Union သည် ကိုက်ညီသောအမည်ကို သက်ဆိုင်ရာစာရင်းပါ လူတစ်ဦးတစ်ယောက် အမှန်တကယ်ဟုတ်၊ မဟုတ် ဆုံးဖြတ်ရန်အတွက် ငွေလွှဲမှုကို စုံစမ်းစစ်ဆေးပါသည်။ အဆိုပါရည်ရွယ်ချက်ကြောင့် Western Union သည် လွှဲပြောင်းမှု ကြန့်ကြာစေနိုင်သော ထပ်လောင်း အသေးစိတ်အချက်အလက်များနှင့် သက်သေအထောက်အထားများကို ပေးပို့သူ သို့မဟုတ် သတ်မှတ်ထားသော လက်ခံသူထံ တောင်းဆိုခွင့်ရှိပါသည်။ ဤသည်မှာ Western Union မှ စီမံဆောင်ရွက်သော ငွေလွှဲများအားလုံး (အမေရိကန်ပြင်ပတွင် စတင်ပြီး ပြီးဆုံးသော ငွေလွှဲများအပါအဝင်) အတွက် တရားဝင်လိုအပ်ချက်တစ်ခု ဖြစ်သည်။ ငွေပြန်အမ်းခြင်းသည် သက်ဆိုင်ရာဥပဒေတစ်စုံတစ်ရာ (လိမ်လည်မှု၊ ငွေကြေးခဝါချမှု သို့မဟုတ် ငွေကြေးအကြမ်းဖက်မှု တားဆီးကာကွယ်ရေးအတွက် ရည်ရွယ်သော စည်းမျဉ်းများ အပါအဝင်) ကို ချိုးဖောက်ရာရောက်စေသည့် အချို့သောအခြေအနေများ၌ Western Union သည် လက်ခံရရှိသော ငွေပမာဏကို ရပ်တန့်ထားနိုင်ပါသည်။

2.6. ငွေလွှဲခများ- ငွေလွှဲပို့မှုအတွက် ငွေပေးပို့သူအား Western Union မှ ကောက်ခံသော အခကြေးငွေနှင့်ပတ်သက်သည့် အချက်အလက်များကို Western Union ဝဘ်ဆိုက်တွင် တွေ့ရှိနိုင်ပြီး ငွေလွှဲပို့မှုမပြီးမြောက်မီ ပေးပို့သူအား အဆိုပါအချက်အလက်များကို ပြသပါသည်။ ငွေလွှဲပို့မှုအတွက် သတ်မှတ်ငွေလွှဲခများကို www.westernunion.com/jp ၏ “အွန်လိုင်းမှ ငွေပို့ရန်” နေရာတွင် ပြသထားသည်။ ပေးပို့မည့်နိုင်ငံကို ရိုးရှင်းလွယ်ကူစွာ ရွေးချယ်ကာ ငွေလွှဲမှုပမာဏကို ထည့်ပြီး “တွက်ချက်မည်” ကို နှိပ်ပါ။ ပေးပို့မည့်နိုင်ငံရှိ သက်ဆိုင်ရာဥပဒေတွင် တစ်နည်းမပြဋ္ဌာန်းထားပါက ငွေလွှဲမှုပြီးမြောက်စေရန်အတွက် ပေးပို့သူမှ ကုန်ကျစရိတ်များအားလုံးကို ကျခံရပါမည်။ အချို့သော ကိစ္စရပ်များတွင် ငွေလွှဲမှုများအတွက် ပေးချေရာ၌ ပြည်တွင်းအခွန်နှင့် ဝန်ဆောင်ခများ ကျသင့်နိုင်ပါသည်။ ပေးပို့သူမှ အကောင့်ကို အခြေခံသော ငွေလွှဲပို့မှု၊ မိုဘိုင်းတယ်လီဖုန်း သို့မဟုတ် ဘဏ်အကောင့်သို့ တစ်ဆင့်ခံ၍ပေးပို့သော စသော ပိုက်ဆံများအတွက် လက်ခံသူမှ အပိုကြေးကို သင့်သလို ပေးဆောင်ရမည်။ ငွေလွှဲများကို ပြည်တွင်းသုံး သို့မဟုတ် သတ်မှတ်ထားသော ပြည်တွင်းသုံးမဟုတ်သည့် ငွေကြေး/များဖြင့် ပေးပို့ရပါမည်၊ မဟုတ်ပါက ငွေလက်ခံသည့် အဖွဲ့အစည်း (လက်ခံသူ၏ဘဏ်စာရင်းရှိရာ နေရာ) သည် ပိုက်ဆံများကို ၎င်း၏ကိုယ်ပိုင်ငွေလဲနှုန်းဖြင့် လဲလှယ်နိုင်သည် သို့မဟုတ် ငွေလွှဲမှုကို ငြင်းပယ်နိုင်သည်။ လက်ခံသူနှင့် သူ၏ မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသူ၊ မိုဘိုင်း ပိုက်ဆံအိတ်အကောင့် ဝန်ဆောင်မှုပေးသူ သို့မဟုတ် အခြား အကောင့် ဝန်ဆောင်မှုပေးသူတို့၏ သဘောတူညီမှုသည် အကောင့်အပေါ် လွှမ်းမိုးမှုရှိပြီး ၎င်းတို့၏အခွင့်အရေးများ၊ တာဝန်ဝတ္တရားများ၊ သက်ဆိုင်ရာ အခကြေးငွေများ၊ ပိုက်ဆံရရှိမှုနှင့် အကောင့် ကန့်သတ်ချက်များကို ဆုံးဖြတ်ပေးသည်။ Western Union သည် ငွေလွှဲပေးပို့ခြင်း သို့မဟုတ် လက်ခံရယူခြင်းအတွက် အကောင့်တစ်ခုအသုံးပြုခြင်းနှင့်ဆက်စပ်သော ထပ်လောင်းကုန်ကျစရိတ်များကို ကောက်ခံနိုင်ပါသည်။ ပြည်တွင်းသုံးမဟုတ်သော ငွေကြေးများအတွက် လဲလှယ်ရာတွင် အသုံးပြုသည့် ငွေလဲနှုန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပေးပို့သည့်နိုင်ငံရှိ သို့မဟုတ် တစ်ဆင့်ခံ ငွေကြေးဝန်ဆောင်မှုပေးသူဘက်မှ လုပ်ဆောင်ချက် သို့မဟုတ် ပယ်ချမှုများကြောင့်လည်းကောင်း ငွေပေးပို့သူ သို့မဟုတ် အကောင့်ပိုင်ရှင်တစ်ဦးဦးမှ ကျသင့်သည့် ကုန်ကျစရိတ်များအပေါ် Western Union မှ တာဝန်ရှိသည်ဟု မယူဆပါ။

2.7. နိုင်ငံခြားငွေ လဲလှယ်ခြင်း

  1. ငွေလွှဲအတွက် ငွေပေးချေမှုကို ပေးပို့မည့်နိုင်ငံသုံး ငွေကြေး (အချို့နိုင်ငံများတွင် အခြားငွေကြေးတစ်မျိုးဖြင့်သာ ငွေပေးချေမှု ပြုလုပ်နိုင်သည်) ဖြင့်သာ ပြုလုပ်မည်ဖြစ်သည်။ ငွေကြေးအားလုံးကို Western Union ၏ လက်ရှိငွေလဲလှယ်နှုန်းဖြင့်သာ လဲလှယ်ပါသည်။ Western Union သည် ငွေလဲလှယ်နှုန်းကို ဘဏ်အချင်းချင်းကြားရှိ စီးပွားရေးအရအသုံးပြုသော လဲလှယ်နှုန်းကို အခြေခံ၍ ကုန်ကျစရိတ်ထပ်ပေါင်းကာ တွက်ချက်သည်။ လဲလှယ်နှုန်းအများစုကို ကမ္ဘာ့ငွေကြေးဈေးကွက်များရှိ သက်ဆိုင်ရာ အပိတ်နှုန်းထားများနှင့်အညီ တစ်ရက်လျှင် အကြိမ်ပေါင်းများစွာ ချိန်ညှိပါသည်။ “အွန်လိုင်းမှငွေပို့ရန်” နေရာတွင် ပေးပို့မည့်နိုင်ငံကို ရွေးချယ်ပြီး လွှဲပို့ရန် ရည်ရွယ်ထားသော ငွေပမာဏအား ရိုက်ထည့်ပြီးသောအခါ “တွက်ချက်မည်” ကို နှိပ်ခြင်းဖြင့် www.westernunion.com/jp တွင် ငွေလွှဲမှုအတွက် ငွေလဲနှုန်းများကို ကြည့်ရှုနိုင်ပါသည်။
  2. ငွေများကို လွှဲပို့ချိန်တွင် လဲလှယ်မည်ဖြစ်ပြီး ငွေလက်ခံသူသည် ငွေလွှဲလုပ်ငန်းစဉ်အတွင်း ပြသထားသော နိုင်ငံခြားငွေပမာဏကို လက်ခံရရှိမည်ဖြစ်သည်။ သို့သော် အချို့နိုင်ငံများတွင် ဒေသဆိုင်ရာစည်းမျဉ်းများအရ ငွေလွှဲများကို ထုတ်ပေးသောအချိန်မှသာလျှင် လဲလှယ်ရန် လိုအပ်သည်။ ပေးပို့သူမှ ပိုက်ဆံများကို အဆိုပါနိုင်ငံများအနက်မှ တစ်နိုင်ငံသို့ ပေးပို့ပါက အထက်ဖော်ပြပါ ငွေလဲနှုန်းသည် ခန့်မှန်းခြေသာဖြစ်ပြီး အမှန်တကယ်ငွေလဲလှယ်နှုန်းကို ငွေပေးချေမှုပြုလုပ်ချိန်မှသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ကိုယ်စားလှယ်များသည် ငွေလက်ခံသူအား ပေးပို့သူမှ ရွေးချယ်ခဲ့သော ငွေကြေးနှင့်မတူညီသည့် ငွေကြေးဖြင့် ငွေထုတ်ယူရန် ကမ်းလှမ်းနိုင်ပါသည်။ ထိုကဲ့သို့သော ဖြစ်စဉ်များတွင် Western Union (သို့မဟုတ် ကိုယ်စားလှယ်များ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးသူ သို့မဟုတ် အကောင့် ဝန်ဆောင်မှုပေးသူ) သည် ငွေပေးပို့သူ၏ ပေးပို့ငွေအား ငွေလက်ခံသူရွေးချယ်သော ငွေကြေးသို့ ပြောင်းလဲသောအခါတွင် ထပ်လောင်းအခကြေးငွေ ကောက်ခံသွားမည်ဖြစ်သည်။ ပေးပို့သူမှ ငွေပေးချေမှုအတွက် ပေးပို့မည့်နိုင်ငံ၏ငွေကြေးမဟုတ်ဘဲ အခြားငွေကြေးအား ရွေးချယ်ပါက ရွေးချယ်လိုက်သော ပေးချေသည့်ငွေကြေးကို ထိုနိုင်ငံ၏ ငွေထုတ်ယူနိုင်သည့်နေရာတိုင်းတွင် ရရှိနိုင်မည်မဟုတ်ပါ သို့မဟုတ် ငွေလွှဲအားလုံးအား ပေးချေရန်အတွက် အနိမ့်ဆုံးတန်ဖိုးဖြင့် ရရှိနိုင်မည်မဟုတ်ပါ။ ထိုကဲ့သို့သောကိစ္စရပ်များ၌ ငွေပေးချေမည့် ကိုယ်စားလှယ်သည် ပေးပို့သူ၏ငွေလွှဲပမာဏအပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပြည်တွင်းငွေကြေးဖြင့်သာ ပေးချေမည်ဖြစ်သည်။ Western Union ၏ ငွေလဲနှုန်းသည် ဘဏ်များ သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများကြားရှိ ငွေလွှဲများတွင် အသုံးပြုသော လူသိရှင်ကြားကြေငြာထားသည့် စီးပွားဖြစ်ငွေလဲနှုန်းအချို့ထက် လူကြိုက်နည်းကောင်းနည်းနိုင်ပါသည်။ ငွေလွှဲခအပြင် သုံးစွဲသူများကို ကမ်းလှမ်းထားသော ငွေလဲလှယ်နှုန်းနှင့် Western Union ရရှိသော ငွေလဲနှုန်းထားကြားရှိ ကွာခြားမှုများကို Western Union (အချို့ကိစ္စရပ်များတွင် ကိုယ်စားလှယ်များ၊ မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးသူ သို့မဟုတ် အကောင့်ဝန်ဆောင်မှုပေးသူ) မှ ကောက်ခံမည်ဖြစ်သည်။ အပိုဒ် 1.2 တွင် ဖော်ပြထားသော တယ်လီဖုန်းနံပါတ်သို့ ခေါ်ဆိုကာ ပေးပို့မည့်နိုင်ငံများအတွက် ငွေလဲနှုန်းများနှင့်ပတ်သက်သော ထပ်လောင်းအချက်အလက်များကို ရယူနိုင်ပါသည်။

2.8. SMS – Western Union မှ အချို့သောနိုင်ငံများတွင် (ပေးပို့သူအား) လက်ခံသူမှ ငွေလက်ခံရရှိပြီးကြောင်း သို့မဟုတ် ပိုက်ဆံအား (လက်ခံသူမှ) လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ပြသသည့် အခမဲ့ SMS အသိပေးချက်ကို ပေးပို့နိုင်ပါသည်။ တယ်လီဖုန်းဝန်ဆောင်မှုပေးသူမှ ကောက်ခံသော အခကြေးငွေများအတွက် ပေးပို့သူ သို့မဟုတ် ငွေလက်ခံသူတွင်သာ တာဝန်ရှိသည်။ Western Union သည် စာတိုများနှင့်သက်ဆိုင်သည့် အခကြေးငွေတစ်စုံတစ်ရာအတွက် တာဝန်မရှိပါ။ သက်ဆိုင်ရာဥပဒေမှ ခွင့်ပြုပါက လွှဲပို့နေချိန်တွင် ပေးပို့သူ နှင့်/သို့မဟုတ် ငွေလက်ခံသူတို့၏ မိုဘိုင်းနံပါတ်သို့ SMS ပေးပို့မည်ဖြစ်သည်။ Western Union သည် ထပ်ဆင့်ပေးပို့ရန်အလို့ငှာ လမ်းစတစ်ခုထံ SMS မက်ဆေ့ချ်များ ပေးပို့မည်ဖြစ်သော်လည်း ထပ်ဆင့်ပေးပို့ခြင်းသည် ပြင်ပအဖွဲ့အစည်းများ၏ တာဝန်ဖြစ်သည့်အတွက် အာမမခံနိုင်ပါ။ Western Union သည် ၎င်းပိုင်ဆိုင်သည့်စနစ်ပြင်ပတွင် ဖြစ်ပွားသော နည်းပညာချွတ်ယွင်းမှုများအတွက် တာဝန်မရှိပါ။

2.9     ကျွန်ုပ်တို့က ထိန်းသိမ်ထားခြင်း မရှိပါ

ကျွန်ုပ်တို့သည် ငွေကြေးလွှဲပြောင်းမှုများအတွက် အသုံးမပြုသော သင့်ထံမှ လက်ခံရရှိထားသည့် ငွေကြေးများကို ထိန်းသိမ်းထားမည်မဟုတ်ပါ။ ငွေကြေးလွှဲပြောင်းမှုများအတွက် အသုံးပြုမည်မဟုတ်ဟု ထင်ရှားသော ငွေပေးချေမှု နည်းလမ်းမှတစ်ဆင့် သင့်ထံမှ လက်ခံရရှိသော ငွေကြေးများနှင့်စပ်လျဉ်း၍၊ ကျွန်ုပ်တို့သည် ထိုငွေကြေးများကို သင့်ထံ ပြန်ပေးပါမည် သို့မဟုတ် ထိုသို့သောငွေကြေးများကို လက်ခံရယူခြင်းမပြုရန် အခြားသောစီမံချက်များကို လုပ်ဆောင်ပါမည်။

အထက်ပါ စာပိုဒ် 1.3 တွင် ဖော်ပြထားသည့်အတိုင်း၊ ကျွန်ုပ်တို့သည် ယန်း 1,000,000 သို့မဟုတ် ၎င်းအောက် ငွေကြေးလွှဲပို့မှုများကိုသာ ဆောင်ရွက်ပေးပါမည်။

 

  1. သင့်အပေါ် ကျွန်ုပ်တို့၏တာဝန်များ

3.1. ကျွန်ုပ်တို့သည် သင့်အား ငွေလွှဲဝန်ဆောင်မှုများနှင့် သီးခြားငွေပေးချေမှုများဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်ညီညွတ်သည့် သက်ဆိုင်ရာ သတင်းအချက်အလက်များကို ပေးဆောင်ရန်နှင့် သင့်လျော်ကောင်းမွန်စွာ ဂရုတစိုက် ဆောင်ရွက်ပေးရန် ဆန္ဒပြင်းပြကြောင်း ကြေငြာအပ်ပါသည်။

3.2. အောက်ပါအချက်များနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့တွင် တာဝန်ရှိသည်ဟု မယူဆပါ –

  1. Western Union အွန်လိုင်းဝန်ဆောင်မှုကို အသုံးပြု၍ ငွေပေးချေသော ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများနှင့် အထူးသဖြင့် ၎င်းတို့ကို ပို့ဆောင်ရာတွင်၊
  2. ကျွန်ုပ်တို့၏ထိန်းချုပ်မှုပြင်ပမှ ဆက်သွယ်ရေးပစ္စည်းများ ချွတ်ယွင်းမှုများ၊
  3. ကျွန်ုပ်တို့၏ထိန်းချုပ်မှုပြင်ပမှ အင်တာနက် ဝန်ဆောင်မှုပေးသူ သို့မဟုတ် ဘရောင်ဆာ သို့မဟုတ် အခြားဆော့ဝဲကြောင့် ဖြစ်ပေါ်လာသော အချက်အလက်ဆုံးရှုံးမှု သို့မဟုတ် ငွေလွှဲပြောင်းရာတွင် ကြန့်ကြာမှုများ
  4. သင်၏ ကဒ်ထုတ်ပေးသူမှ ပေးဆောင်သော ဝန်ဆောင်မှုများ၊
  5. ပြင်ပအဖွဲ့အစည်းများမှ အစပြုသော ဗိုင်းရပ်စ်များ၊
  6. Western Union ဝဘ်ဆိုက်မှ အမှားများ သို့မဟုတ် သင် သို့မဟုတ် ပြင်ပအဖွဲ့အစည်းမှ ပေးပို့သော မပြည့်စုံသည့် သို့မဟုတ် မှားယွင်းသည့် အချက်အလက်များကြောင့် ဖြစ်ပေါ်လာသော Western Union ၏ အွန်လိုင်းဝန်ဆောင်မှုအမှားများ
  7. သတင်းအချက်အလက်များအား ဝဘ်ဆိုက်ပေါ်သို့မတင်မီ ခွင့်ပြုချက် မရှိဘဲ အသုံးပြုခြင်း သို့မဟုတ် ကြားဖြတ်ယူခြင်းများ၊ သို့မဟုတ်
  8. သင် သို့မဟုတ် သင်၏ကိုယ်စားပြုသူ၏ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်လာသည့် ကျွန်ုပ်တို့က လုပ်ဆောင်နေသော သင် သို့မဟုတ် သင်၏ လွှဲပြောင်းမှုများနှင့် ဆက်စပ်သော အချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုမှု သို့မဟုတ် ခွင့်ပြုချက်မရှိ ဝင်ရောက်ကြည့်ရှုမှု။

3.3. ကျွန်ုပ်တို့သည် အောက်ပါအခြေအနေများတွင် ငွေလွှဲမှုကို စတင်ရန် သို့မဟုတ် ပယ်ဖျက်ပေးရန် တာဝန်မရှိပါ။

  1. ကျွန်ုပ်တို့သည် သင့်ထံမှ လုံလောက်သော သက်သေအထောက်အထား မရရှိနိုင်ပါက၊
  2. ငွေလွှဲအချက်အလက်များသည် မမှန်ကန်ကြောင်း၊ ခွင့်ပြုမထားကြောင်း သို့မဟုတ် လုပ်ကြံဖန်တီးထားကြောင်း ယူဆနိုင်သည့်အကြောင်းအရင်း ကျွန်ုပ်တို့တွင်ရှိပါက
  3. သင်က ကျွန်ုပ်တို့အား မှားယွင်းသော သို့မဟုတ် မပြည့်စုံသော အချက်အလက်ပေးထားခြင်း သို့မဟုတ် တောင်းဆိုထားသည့် ငွေလွှဲမှုကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် သင့်ငွေလွှဲအချက်အလက်များကို အချိန်ကိုက်မရရှိပါ၊
  4. ဘဏ်ကတ် အသုံးပြုနိုင်သည့်နေရာတွင် လွှဲပြောင်းမှုနှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်ခများကို ပေးချေရန် သင့်ဘဏ်ကတ်အသုံးပြုမှုကို သင့်ကတ်ထုတ်ပေးသူက ခွင့်မပြုပါ၊ သို့မဟုတ်
  5. သင်က တရားမဝင်လုပ်ကိုင်သူများ၏ အဖွဲ့ဝင်၊ တစ်နည်းအားဖြင့် bouryoku-dan သို့မဟုတ် စုစည်းထားသော ပြစ်မှုကျူးလွန်သူအဖွဲ့ (“တရားမဝင်လုပ်ကိုင်သူများအဖွဲ့”) ၏ အဖွဲ့ဝင်ဖြစ်သည်၊ သို့မဟုတ် တရားမဝင်လုပ်ကိုင်သူများအဖွဲ့နှင့် ဆက်စပ်မှု ရှိထားသည်၊ သို့မဟုတ် သင်က ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါက၊ သင်၏ သက်ဆိုင်ရာ ဒါရိုက်တာများ၊ အရာရှိများ သို့မဟုတ် ဝန်ထမ်းများက တရားမဝင်လုပ်ကိုင်သူများအဖွဲ့၏ အဖွဲ့ဝင်ဖြစ်နေသည် သို့မဟုတ် တရားမဝင်လုပ်ကိုင်သူများနှင့် ဆက်စပ်မှုရှိနေသည်ဟု ကျွန်ုပ်တို့က သိရသည် သို့မဟုတ် ထိုသို့ယုံကြည်ရန် အကြောင်းရင်းရှိလာသည်။

လက်ခံသူထံသို့ ငွေလွှဲမှုကို ဆောင်ရွက်မပေးခြင်း သို့မဟုတ် ပေးပို့ရာတွင် နောက်ကျနေခြင်းအတွက်လည်းကောင်း၊ Western Union အွန်လိုင်းဝန်ဆောင်မှုများက အဆိုပါကိစ္စရပ်တစ်စုံတစ်ရာကြောင့် ငွေလွှဲမှုတစ်ခုကို ဆောင်ရွက်ပေးရန် ပျက်ကွက်ခြင်း သို့မဟုတ် ငြင်းဆိုခြင်းကြောင့်လည်းကောင်း သင် သို့မဟုတ် အခြား ပြင်ပအဖွဲ့အစည်းတစ်ခုခု ထိခိုက်ခံစားရသည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်မှုများအတွက် ကျွန်ုပ်တို့တွင် တာဝန်ရှိသည်ဟု မယူဆပါ။

3.4. ငွေလွှဲမှုတစ်ခုအား အသုံးပြုမှုသည် Western Union စည်းမျဉ်းများ (လိမ်လည်မှု၊ ငွေကြေးခဝါချမှု သို့မဟုတ် ငွေကြေးအကြမ်းဖက်မှု တားဆီးကာကွယ်ရေး စည်းမျဉ်းများ အပါအဝင်)၊ အဆိုပါစည်းမျဉ်းစည်းကမ်းများ နှင့်/သို့မဟုတ် သက်ဆိုင်ရာဥပဒေ၊ တရားရုံးအမိန့် သို့မဟုတ် စည်းကမ်းထိန်းသိမ်းရေး သို့မဟုတ် အစိုးရ အာဏာပိုင် သို့မဟုတ် ကျွန်ုပ်တို့အပေါ် တရားစီရင်ခွင့်ရှိသော အခြားအဖွဲ့အစည်းတစ်ခုခုတို့၏ လိုအပ်ချက်များကို ချိုးဖောက်ရာကျလျင်၊ သို့တည်းမဟုတ် ကျွန်ုပ်တို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် လိုအပ်သည်ဟု ယူဆလျှင် ကျွန်ုပ်တို့၏တစ်ဦးတည်းဆုံးဖြတ်ခွင့်ဖြင့် သင့်အား Western Union အွန်လိုင်းဝန်ဆောင်မှုများကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝပေးဆောင်ရန်အတွက် ငြင်းဆိုရန်လည်းကောင်း၊ အဆိုပါငွေလွှဲမှုကို ပယ်ဖျက်ရန် သို့မဟုတ် ဆိုင်းငံ့ရန်လည်းကောင်း အခွင့်အရေးရှိသည်။ အကယ်၍ ကျွန်ုပ်တို့သည် အထက်ပါအကြောင်းပြချက်များအနက်မှ တစ်ခုခုကြောင့် သင့်အား Western Union အွန်လိုင်းဝန်ဆောင်မှုကို (တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အပြည့်အဝသော်လည်းကောင်း) မပေးရန် ငြင်းဆိုပါက ဖြစ်နိုင်လျင် သင့်အား လိုအပ်သလို အသိပေးသွားမည်ဖြစ်ပြီး ဥပဒေအရ တားမြစ်ခြင်းမခံရလျှင် ကျွန်ုပ်တို့၏ငြင်းဆိုမှုအတွက် အကြောင်းပြချက်များကိုလည်း ပေးသွားမည်ဖြစ်သည်။ Western Union အွန်လိုင်းဝန်ဆောင်မှုများကို တားမြစ်ထားသော ရည်ရွယ်ချက်များအတွက် သုံံးစွဲခြင်းသည် အဆိုပါစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ရာရောက်သည်။

3.5. ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အပြည့်အဝဆုံးဖြတ်ချက်ဖြင့် ငွေလွှဲမှုတစ်ခုစီအတွက်လည်းကောင်း၊ ပေါင်းစပ်၍လည်းကောင်း ငွေလွှဲမှုပမာဏအပေါ် အကန့်အသတ်များ ချမှတ်နိုင်သည်။

3.6. အကယ်၍ ကျွန်ုပ်တို့၏ ထိန်းချုပ်မှုပြင်ပဖြစ်သော အခြေအနေတို့ကြောင့် အရေးယူရန်လိုအပ်လာပြီး သင့်လျော်သည့် (“ထင်မှတ်မထားသောဖြစ်ရပ်”) အဖြစ် ယူဆပါက ကျွန်ုပ်တို့သည် လုပ်ငန်းဆောင်ရွက်နေသော Western Union ဝဘ်ဆိုက် သို့မဟုတ် Western Union အွန်လိုင်းဝန်ဆောင်မှုကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝရပ်တန့်ခွင့်ရှိသည်။ အကယ်၍ Western Union ဝဘ်ဆိုက်မှ သို့မဟုတ် Western Union အွန်လိုင်းဝန်ဆောင်မှုမှ ပေးထားသည့် ဝန်ဆောင်မှုများသည် အကြောင်းအရင်းတစ်ခုခုကြောင့် (ကျွန်ုပ်တို့ကြောင့်လည်းကောင်း၊ ပြင်ပအဖွဲ့အစည်းတစ်ခုကြောင့်လည်းကောင်း၊ အခြားပုံစံတစ်ခုခုကြောင့်လည်းကောင်း) ကြားဖြတ်နှောင့်ယှက်ခြင်းခံရပါက အဆိုပါကြားဖြတ်နှောက်ယှက်မှု၏ ကြာချိန်ကို ဖြစ်နိုင်သမျှ တိုတောင်းစေရေးအတွက် လိုအပ်သော လုပ်ဆောင်ချက်များ ဆောင်ရွက်သွားမည်ဖြစ်သည်။

3.7. ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် သင့်အား အင်တာနက်နှင့် အီးမေးလ်တို့မှတစ်ဆင့် ဆက်သွယ်မည်ဖြစ်သည်။ သို့သော် အဆိုပါအချက်သည် အခြေအနေအရလိုအပ်ပါက သင့်အနေနှင့် အခြားနည်းလမ်းတစ်ခုခုဖြင့် (အထက်ပါ အပိုဒ် 1.2 ကို ကြည့်ပါ) ကျွန်ုပ်တို့အား ဆက်သွယ်ခွင့်ရှိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပါ။

 

  1. ကျွန်ုပ်တို့အပေါ် သင်၏တာဝန်

4.1. သင်သည် Western Union အွန်လိုင်းဝန်ဆောင်မှုမှတစ်ဆင့် စတင်သည့် ငွေလွှဲမှုတိုင်းအတွက် ကျွန်ုပ်တို့၏အခကြေးငွေများကို (အထက်ပါ အပိုဒ် 2.6 ကိုလည်းကြည့်ပါ) ပေးချေရန် သဘောတူပြီး ကြေညာသည်။

4.2. သင့်အတွက် MTCN ကိုပေးထားသည့် သီးခြားငွေလွှဲကို လုပ်ဆောင်ခြင်းမပြုမီ ရရှိနိုင်မှုအလိုက် သင်သည် ငွေလွှဲမှုတစ်ခု၏ အခြေခံပမာဏနှင့် ကျွန်ုပ်တို့၏ အခကြေးငွေများကို အသိအမှတ်ပြုထားသော ရယူမှု ပါတနာများမှတစ်ဆင့် သင့်ဘဏ်စာရင်းမှ (Western Union က အကောင့်အခြေပြု ငွေလွှဲမှုကို ခွင့်ပြုသမျှ) သို့မဟုတ် ဘဏ်ကတ်တစ်ခုဖြင့် ပေးချေရမည်ဖြစ်သည်။

ကျွန်ုပ်တို့မှ ထိုငွေလွှဲကို မဆောင်ရွက်မီ ငွေလွှဲမှု၏အခြေခံပမာဏနှင့် သက်ဆိုင်ရာ ငွေလွှဲမှုအတွက် ကျွန်ုပ်တို့၏အခကြေးငွေများကို သင့်ဘဏ်စာရင်းမှ လွှဲမည်ဖြစ်ကြောင်း၊ အသိအမှတ်ပြုထားသည့် စုစည်းမှုပါတနာမှတစ်ဆင့် ပေးချေမည်ဖြစ်ကြောင်း သို့မဟုတ် သင့်ကဒ်ထုတ်ပေးသူမှ ထိုပမာဏကို ရှင်းမည်ဖြစ်ကြောင်း သင့်အနေဖြင့် သဘောတူသည်။ လွှဲပြောင်းမှု၏ နောက်ဆုံးခွင့်ပြုချက်မတိုင်မီ၊ သင်၏ဘဏ်အကောင့်ထံမှ ထုတ်ယူမည့်၊ အသိအမှတ်ပြုထားသော စုစည်းမှုပါတနာမှတစ်ဆင့် ပေးချေမည့် တိကျသောပမာဏကို သင့်အား အသိပေးပါလိမ့်မည် သို့မဟုတ် ကျွန်ုပ်တို့က သင်၏ ကတ်ထုတ်ပေးသူနှင့်ပတ်သက်၍ ရှင်းပစ်လိုက်ပါမည်။

4.3. သင့်အနေဖြင့် အောက်ပါတို့ကို သဘောတူပြီး အသိအမှတ်ပြုသည်-

  1. အွန်လိုင်းငွေလွှဲမှုတစ်ခုအပေါ် သက်ရောက်မှုရှိစေရန် ဖော်ပြသည့်အချက်အလက်များသည် မှန်ကန်၊ တိကျပြီး လတ်တလောအကျဆုံးဖြစ်ကာ ပြည့်စုံသည်၊
  2. သင့်အနေဖြင့် ကျွန်ုပ်တို့တောင်းဆိုသည့် သက်သေခံအချက်အလက်၊ စစ်ဆေးအတည်ပြုချက် သို့မဟုတ် နောက်ထပ်အချက်အလက် သို့မဟုတ် စာရွက်စာတမ်းများကို ပေးမည်၊
  3. သင့်အနေဖြင့် ငွေလွှဲမှုအချက်အလက် (ငွေပမာဏ၊ သင့်အမည်၊ သင့်နိုင်ငံ၊ လက်ခံသူအမည်နှင့် MTCN) တို့ကို လက်ခံမည့်သူထံသို့သာ မျှဝေရမည်။ အဆိုပါအချက်အလက်များကို မည်သည့်ပြင်ပအဖွဲ့အစည်းမှ မရရှိသွားစေစေရန် သင့်တွင် တာဝန်ရှိသည်။ သင့်အနေဖြင့် လူကိုယ်တိုင်သိသော အကျိုးခံစားသူများထံသို့သာ ငွေလွှဲရန် အကြံပြုအပ်ပါသည်၊
  4. သင့်အနေဖြင့် မှားယွင်းသော၊ မတိကျသော သို့မဟုတ် အထင်မှားစေသော အချက်အလက်များ မပေးရပါ၊
  5. သင့်လုပ်ဆောင်ချက်များကို ခြေရာမခံနိုင်စေရန် ကြိုးစားသည့် အမည်ဝှက်ရေးကိရိယာတစ်ခုခုကို အသုံးမပြုရပါ၊
  6. သင်သည် Western Union အွန်လိုင်းဝန်ဆောင်မှုကို တားမြစ်ထားသည့် ရည်ရွယ်ချက်များအတွက် အသုံးမပြုရပါ။
  7. Western Union အွန်လိုင်းဝန်ဆောင်မှု၏ မူဘောင်အတွင်းမှနေ၍ သင်သည် ဤစည်းမျဉ်းစည်းကမ်းများ သို့မဟုတ် သုံးစွဲမှုဆိုင်ရာ အခြားကန့်သတ်ချက်များ သို့မဟုတ် Western Union ဝဘ်ဆိုက်တွင် ဖော်ပြထားသည့် သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းများတို့ကို ဖောက်ဖျက်ရာရောက်သည့် ငွေလွှဲခြင်းများကို စတင်လုပ်ဆောင်၍မရပါ၊
  8. သင်သည် တရားမဝင်လုပ်ကိုင်သူများအဖွဲ့ ၏ အဖွဲ့ဝင် မဟုတ်ရပါ၊ သို့မဟုတ် တရားမဝင်လုပ်ကိုင်သူများအဖွဲ့နှင့် ဆက်စပ်မှု မရှိရပါ၊ သို့မဟုတ် သင်က ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါက၊ သင်၏ သက်ဆိုင်ရာ ဒါရိုက်တာများ၊ အရာရှိများ သို့မဟုတ် ဝန်ထမ်းများက တရားမဝင်လုပ်ကိုင်သူများအဖွဲ့၏ အဖွဲ့ဝင် မဟုတ်ရပါ သို့မဟုတ် တရားမဝင်လုပ်ကိုင်သူများနှင့် ဆက်စပ်မှု မရှိရပါ၊
  9. အောက်ဖော်ပြပါ အပိုဒ် 6 နှင့်အညီ သင်၏စကားဝှက်နှင့် သုံးစွဲသူအမည်တို့ကို လုံခြုံစွာထားရှိရေးအတွက် သင်ကိုယ်တိုင်တွင် တာဝန်ရှိသည်။
  10. သက်ဆိုင်ရာဥပဒေနှင့်အညီ ပေးပို့ သို့မဟုတ် လက်ခံသော ငွေများသည် မြောက်ကိုရီးယား သို့မဟုတ် အီရန် (သို့မဟုတ် သက်ဆိုင်ရာဥပဒေနှင့်အညီ မကြာခဏ တားမြစ်ခံရနိုင်သည့် အခြားနိုင်ငံများ) နိုင်ငံတို့နှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပေးပို့/လက်ခံခြင်း မဖြစ်ရမည်ကို သင်သိနားလည်ပြီး အတည်ပြုပါသည်။

4.4. သင်သည် တရားမဝင်လုပ်ကိုင်သူများအဖွဲ့ ၏ အဖွဲ့ဝင်ဖြစ်သည်၊ သို့မဟုတ် တရားမဝင်လုပ်ကိုင်သူများအဖွဲ့နှင့် ဆက်စပ်မှု ရှိထားသည်၊ သို့မဟုတ် သင်က ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါက၊ သင်၏ သက်ဆိုင်ရာ ဒါရိုက်တာများ၊ အရာရှိများ သို့မဟုတ် ဝန်ထမ်းများက တရားမဝင်လုပ်ကိုင်သူများအဖွဲ့၏ အဖွဲ့ဝင်ဖြစ်နေသည် သို့မဟုတ် တရားမဝင်လုပ်ကိုင်သူများနှင့် ဆက်စပ်မှုရှိနေသည်ဟု ကျွန်ုပ်တို့က သိရသော သို့မဟုတ် ထိုသို့ယုံကြည်ရန် အကြောင်းရင်းရှိလာသော ဖြစ်စဉ်မျိုးတွင်၊ ကျွန်ုပ်တို့သည် သင်က Western Union အွန်လိုင်းဝန်ဆောင်မှုကို နောက်ထပ် အသုံးပြုလာမှုကို တားဆီးရန် လိုအပ်သည့်အဆင့်များအားလုံးကို ချက်ခြင်း လုပ်ဆောင်ပါမည်။ ဤအချက်များကို ချက်ချင်းဆောင်ရွက်ခြင်းသည် ရှေ့တွင်ဖော်ပြထားသော စာပိုဒ်နှင့်အညီ သင့်တာဝန်များကို လိုက်နာရန်ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်မှုတို့အတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

4.5. ငွေလွှဲမှုအချက်အလက်များနှင့်ပတ်သက်၍ ပျောက်ဆုံးမှု၊ ခိုးယူမှု၊ မိတ္တူကူးမှု သို့မဟုတ် အလွဲသုံးစားမှု (အထက်ပါ အပိုဒ် 4.3.c ကို ကြည့်ပါ) တို့ဖြစ်ပွားလျှင် ကျွန်ုပ်တို့ထံ အီးမေးလ် သို့မဟုတ် တယ်လီဖုန်းဖြင့် ချက်ချင်း အကြောင်းကြားရမည် (အပိုဒ် 1.2 ကိုကြည့်ပါ) Western Union အနေဖြင့် အသိပေးခြင်းမခံရမီအချိန်အထိ သင်သည် ငွေလက်ခံသူမှတစ်ပါး အခြားတစ်ဦးဦးထံ ငွေလွှဲမှုအချက်အလက်ကို ပေးပို့သည် သို့မဟုတ် လှည့်ဖြားလိုသော ရည်ရွယ်ချက်ဖြင့် ပေးချေမှုကိရိယာကို မသင့်လျော်စွာ သုံးစွဲရန် စီစဉ်ဆောင်ရွက်သည် သို့မဟုတ် ရည်ရွယ်ချက်ရှိရှိဖြင့်လည်းကောင်း မသိနားမလည်မှုဖြင့်လည်းကောင်း သင်၏ဂရုစိုက်ရန်တာဝန်ကို ဖောက်ဖျက်သည်ဆိုပါက ငွေလွှဲမှုအချက်အလက်ကို မသင့်လျော်စွာသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်မှုများအတွက် ကျွန်ုပ်အပေါ် တာဝန်ရှိပါသည်။ သင့်အနေဖြင့် လိမ်ညာရယူရန်ရည်ရွယ်ချက်ဖြင့် အလွဲသုံးမှုတွင် ပါဝင်ခဲ့ခြင်းမရှိပါက Western Union မှ အသိပေးချက် ရရှိပြီးသောအခါ နောက်ထပ်တာဝန်ခံစရာများမှ ကင်းလွတ်မည်ဖြစ်သည်။ သင့်အနေဖြင့် ခွင့်မပြုခဲ့သော သို့မဟုတ် မှားယွင်းစွာ လုပ်ဆောင်မိသော ငွေလွှဲမှုတစ်ခုအကြောင်း သိလျှင်လည်း ကျွန်ုပ်တို့ထံ ထို့အတူပင် ချက်ချင်းအကြောင်းကြားရမည်။

4.6. ကျွန်ုပ်တို့သည် လိုအပ်ပါက သင်နှင့်လက်ခံသူတို့နှင့် စပ်လျဉ်း၍လည်းကောင်း ကျွန်ုပ်တို့မှ သင့်ထံပေးသည့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍လည်းကောင်း အချက်အလက်တစ်စုံတစ်ရာကို စည်းကမ်းထိန်းသိမ်းရေး သို့မဟုတ် အစိုးရ အာဏာပိုင်များ သို့မဟုတ် ၎င်းတို့၏အဖွဲ့များထံသို့ အောက်ပါအခြေအနေများတွင် ပေးပို့မည်ဖြစ်ကြောင်း သင့်အနေဖြင့် သဘောတူပြီး အသိအမှတ်ပြုသည်။

  1. ထိုသို့ဆောင်ရွက်ရန် ကျွန်ုပ်တို့တွင် ဥပဒေအရ တာဝန်ရှိပါက သို့မဟုတ်
  2. အဆိုပါဖွင့်ဟမှုသည် လိမ်လည်မှု၊ ငွေကြေးခဝါချမှု သို့မဟုတ် အခြားပြစ်မှုများကို တားဆီးရာတွင် အထောက်အကူပြုမည်ဟု ကျွန်ုပ်တို့ထင်မြင်ပါက။

4.7။ ငွေလွှဲတောင်းဆိုမှုတစ်ခုကို မတင်သွင်းမီ အသေးစိတ်အချက်အလက်များအားလုံး မှန်ကန်ကြောင်း သေချာစေရန် သင့်တွင် တာဝန်ရှိသည်။ ငွေလွှဲတောင်းဆိုမှုတစ်ခုကို တင်သွင်းပြီးပါက ထိုတောင်းဆိုမှု၏ အသေးစိတ်အချက်အလက်များကို ပြင်ဆင်ရန် ပုံမှန်အားဖြင့် မဖြစ်နိုင်ပါ။ မတင်သွင်းမီ ငွေလွှဲမှု အသေးစိတ်အချက်အလက်များကို ပြန်လည်ကြည့်ရှုရန်နှင့် အတည်ပြုရန် သင့်တွင် အခွင့်အရေးရှိမည်ဖြစ်သည်။

 

  1. သုံးစွဲသူ ဝန်ဆောင်မှု

Western Union ဝဘ်ဆိုက်တွင် သို့မဟုတ် Western Union အွန်လိုင်းဝန်ဆောင်မှုများနှင့် ပတ်သက်၍ ချို့ယွင်းမှုများတွေ့ရှိပါက သို့မဟုတ် ပြဿနာများ ကြုံတွေ့ရပါက ကျွန်ုပ်တို့ထံ အီးမေးလ်ဖြင့် သို့မဟုတ် တယ်လီဖုန်းဖြင့် ဆက်သွယ်ပါ (အပိုဒ် 1.2 ကို ကြည့်ပါ)။

 

  1. စကားဝှက်နှင့် လုံခြုံရေး

ပထမငွေလွှဲအမှာစာမတိုင်မီတွင် သင့်အား စကားဝှက်တစ်ခုနှင့် သင့်သုံးစွဲသူအမည်အဖြစ် မှန်ကန်သော အီးမေးလ်လိပ်စာတစ်ခုတို့ကို ပေးရန် တောင်းဆိုမည်ဖြစ်သည်။ စကားဝှက်နှင့် သုံးစွဲသူအမည်တို့ကို သင်မှလွဲ၍ အခြားသူတစ်ဦးမှ သုံးစွဲခြင်းမပြုရပါ။ သင့်စကားဝှက်နှင့် သင့်သုံးစွဲသူအမည်ကိုလည်းကောင်း၊ သင့်စကားဝှက် သို့မဟုတ် သင့်သုံးစွဲသူအမည်ကိုသုံး၍ ဆောင်ရွက်ထားသည့် ငွေလွှဲမှုအားလုံးကိုလည်းကောင်း လုံခြုံအောင်ထားရှိရန်မှာ သင့်တာဝန်ဖြစ်သည်။ သင့်စကားဝှက်ကို မည်သူနှင့်မှ မမျှဝေပါနှင့်၊ မည်သည့်နေရာတွင်မှလည်း ချမရေးပါနှင့်! သင့်စကားဝှက် သို့မဟုတ် သင့်သုံးစွဲသူအမည်ကို ခွင့်ပြုချက်မဲ့ သုံးစွဲနေခြင်း သို့မဟုတ် အခြားလုံခြုံရေးချိုးဖောက်မှုတစ်ခုခုနှင့် စပ်လျဉ်းလျှင် ကျွန်ုပ်တို့ထံ တယ်လီဖုန်းဖြင့် ချက်ချင်းအကြောင်းကြားရန် သင့်အနေဖြင့် သဘောတူသည်။ (အပိုဒ် 1.2 ကို ကြည့်ပါ) သင့်စကားဝှက် သို့မဟုတ် သင့်သုံးစွဲသူအမည်အား ခွင့်ပြုချက်မဲ့သုံးစွဲနေခြင်းနှင့်စပ်လျဉ်း၍ သင့်ဘက်မှ ကျွန်ုပ်တို့ထံ အကြောင်းကြားပြီးသည်နှင့် ကျွန်ုပ်တို့မှ အဆိုပါအချက်အလက်အား ထပ်မံသုံးစွဲခြင်းကို တားမြစ်နိုင်စေရန် လိုအပ်သည့်အဆင့်များအားလုံးကို ချက်ချင်းလုပ်ဆောင်သွားမည်ဖြစ်သည်။ ဤအချက်များကို ချက်ချင်းဆောင်ရွက်ခြင်းသည် ဤစာပိုဒ်နှင့်အညီ သင့်တာဝန်များကို လိုက်နာရန်ပျက်ကွက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု သို့မဟုတ် ထိခိုက်မှုတို့အတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိစေပါ။ သို့သော် သင့်ဘဏ်ကတ် သို့မဟုတ် ဘဏ်စာရင်းသည် လှည့်ဖြားမှုတစ်ခုတွင် အသုံးပြုခြင်းခံရပါက ပြန်ပေးငွေပမာဏတစ်ခု သို့မဟုတ် ငွေရင်းကို သင့်ကတ်ထုတ်ပေးသူထံမှ ရရှိနိုင်သည်။

 

  1. ပြင်ပအဖွဲ့အစည်းများထံ အချက်အလက်များကို ဖွင့်ဟခြင်း

Western Union သည် နယ်စပ်ဖြတ်ကျော်မှုနှင့် ဖော်ပြထားသည့် ပြင်ပအဖွဲ့အစည်းထံ လွှဲပို့မှုအပါအဝင် ကျွန်ုပ်တို့၏ ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အတိုင်းနှင့် သင်က သဘောတူခွင့်ပြုပေးထားသည့်အတိုင်း သင်၏ ကိုယ်ရေး အချက်အလက်များကို အသုံးပြု လုပ်ဆောင်ပါမည်။ ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်အတွက် ဤနေရာကိုနှိပ်ပါ။ ကျွန်ုပ်တို့သည် ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်အား အချိန်မရွေး ပြင်ဆင်ပိုင်ခွင့်ရှိသည်။

 

  1. တာဝန်ရှိမှု

8.1. သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများအရ ကျွန်ုပ်တို့သည် ငွေလွှဲအမှာစာအား တိကျမှန်ကန်စွာဆောင်ရွက်ပေးရန် တာဝန်ရှိသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့၏အမှားကြောင့် ငွေလွှဲမှုမအောင်မြင်ပါက သို့မဟုတ် အမှားအယွင်းရှိပါက ငွေလွှဲ၏ငွေရင်းပမာဏနှင့် ငွေလွှဲခအပြင် ဥပဒေအရ ပြဋ္ဌာန်းထားသော ပုံမှန်အတိုးတို့အား ပြန်အမ်းမည်ဟူ၍ဖြစ်သည်။

8.2. ဥပဒေအရ အမြင့်ဆုံးခွင့်ပြုထားသည့်အတိုင်း၊ Western Union နှင့် ၎င်း၏ကိုယ်စားလှယ်များသည် ၎င်းတို့၏အလုပ်သမားနှင့် ကိုယ်စားလှယ်များ၏ ပေါ့ဆမှုသို့မဟုတ် အခြားအကြောင်းအရင်းကြောင့်ဖြစ်သည့် နှောင့်နှေးမှု၊ ငွေမပေးချေမှု သို့မဟုတ် ပေးချေနေဆဲဖြစ်သော ငွေလွှဲ သို့မဟုတ် နောက်ဆက်တွဲ အမှာစကားတစ်စုံတစ်ရာ မရောက်ရှိခြင်းကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုသည် ငွေကြေးပမာဏ US$500 (ငွေလွှဲ၏ငွေရင်းပမာဏနှင့် ငွေလွှဲခပြန်အမ်းခြင်းအပြင်) ထက်ကျော်လွန်ပါက တာဝန်ယူမည်မဟုတ်ပါ။ ဥပဒေအရ အမြင့်ဆုံးခွင့်ပြုထားသည့်အတိုင်း၊ Western Union နှင့် ၎င်း၏ကိုယ်စားလှယ်များသည် သွယ်ဝိုက်သော သို့မဟုတ် အထူးဖြစ်သော သို့မဟုတ် အခြေအနေအရဖြစ်သော သို့မဟုတ် အကျိုးဆက်ဖြစ်သော ဆုံးရှုံးမှုများအတွက် တာဝန်ယူမည်မဟုတ်ပါ။ အထက်ဖော်ပြပါ ငြင်းဆိုချက်တွင် ဖော်ပြထားလင့်ကစား Western Union နှင့် ၎င်း၏ကိုယ်စားလှယ်များသည် ကျွမ်းကျင်စွာ ဂရုတစိုက်ဝန်ဆောင်မှုပေးမည်ဟူသော ညွှန်းဆိုချက်များအပါအဝင် ဥပဒေအရ ချန်လှပ်၍မရသော မည်သည့်အခြေအနေ၊ အာမခံချက်များအတွက်မဆို တာဝန်ယူမည် ဖြစ်သည်။ အဆိုပါအခြေအနေအား ချိုးဖောက်မှုအတွက် Western Union နှင့် ကိုယ်စားလှယ်များ၏ တာဝန်ရှိမှု သို့မဟုတ် အာမခံချက်ကို သက်ရောက်မှုရှိသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးခထက်များပြီး စုစုပေါင်း US$500 နှင့်ညီမျှသောပမာဏဟု ကန့်သတ်ထားသည်။ မှားယွင်းဖော်ပြခြင်း၊ ထိမ်ချန်ခြင်း သို့မဟုတ် နှောင့်နှေးခြင်း အကြောင်းအရင်းများ သို့မဟုတ် ဆက်စပ်မှုရှိသော အခြားအကြောင်းကိစ္စများကြောင့် သတင်းအချက်အလက် လွှဲပြောင်းမှု သို့မဟုတ် ထုတ်ဖော်မှု (အောက်တွင် ရှင်းလင်းထားသည့်အတိုင်း) တို့မှ ဖြစ်ပွားလာသည့် မည်သည့် ကုန်ကျစရိတ်၊ စရိတ်စက၊ ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုများအတွက် Western Union က သင့်အတွက် တာဝန်မရှိပါ။

8.3. ပျက်စီးမှုအတွက် တောင်းဆိုသော သင့်၏အဆိုပြုချက်တိုင်းကို ရရှိနိုင်၍ ဆီလျော်သော စာရွက်စာတမ်းအပြည့်အစုံဖြင့် ခိုင်လုံစွာ တင်ပြရမည်။

8.4. သက်ဆိုင်ရာဥပဒေအရ၊ မည်သည့်အခြေအနေတွင်မဆို သေချာဂရုတစိုက် ဆောင်ရွက်သော်လည်း Western Union က ထိန်းချုပ်၍မရနိုင်သော၊ ကြိုတင်ခန့်မှန်း၍မရနိုင်သော၊ ပုံမှန်မဟုတ်သော အဖြစ်အပျက်များ၊ Western Union က ရှောင်လွှဲ၍မရသော အခြေအနေများ (ဥပမာ- မလွန်ဆန်နိုင်သော သဘာဝဘေးများ၊ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု၊ လူထုအုံကြွမှု၊ ကျွန်ုပ်တို့ ထိန်းချုပ်၍မရနိုင်သော စက်ရုံအလုပ်ရုံ သပိတ်မှောက်မှုများစသည့် အဖြစ်အပျက်များနှင့် စစ်ပွဲများ) ကြောင့် ဖြစ်ပွားသော ပျက်စီးဆုံးရှုံးမှုများအတွက် တာဝန်ယူမည်မဟုတ်ပါ။

8.5. Western Union ၏ အဖွဲ့ဝင်ကုမ္ပဏီများသည် Western Union မှ ၎င်းတို့အားပေးအပ်သည့် ပြင်ပတာဝန်များနှင့်ပတ်သက်၍ သင့်အား ဂရုစိုက်ဆောင်ရွက်ပေးရန် တာဝန်မရှိကြောင်း သင်သဘောတူသည်။ အထက်ဖော်ပြပါ ငြင်းဆိုချက်သည် Western Union သို့မဟုတ် ၎င်း၏ကိုယ်စားလှယ်များ၏ ရည်ရွယ်ချက်ရှိရှိပေါ့ဆမှု သို့မဟုတ် မသိနားမလည်မှု သို့မဟုတ် အသက်သေဆုံးမှု သို့မဟုတ် ဒဏ်ရာရရှိမှုစသည့် ထိုကဲ့သို့ တာဝန်ယူမှုဆိုင်ရာကန့်သတ်ချက် ကျိုးကြောင်းညီညွတ်မှုမရှိသည့် အခြေအနေများကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများအတွက် Western Union၏ တာဝန်ရှိမှုအား ကန့်သတ်ခြင်းမရှိပါ။

8.6. ယင်းစည်းမျဉ်းစည်းကမ်းများအရ ကျွန်ုပ်တို့နှင့် သင်၏ ရပိုင်ခွင့်များအား ကောင်းစွာကျင့်သုံးခြင်းကြောင့် ဖြစ်ပေါ်လာသော ပျက်စီးမှုများအတွက် သင့်ဘက်မှ ကျွန်ုပ်တို့အပေါ်လည်းကောင်း၊ Western Union ဘက်မှ သင့်အပေါ်လည်းကောင်း တာဝန်မရှိပါ။

8.7. Western Union အနေဖြင့် Western Union ငွေလွှဲမှုအရ ပေးချေရသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခု၏ သင့်လျော်မှု သို့မဟုတ် ပို့ဆောင်မှုများအတွက် အာမခံချက်မပေးပါ။ ပေးပို့သူ၏ငွေလွှဲမှုအချက်အလက်များသည် လျှို့ဝှက်ထားရှိရန်ဖြစ်ပြီး လက်ခံရရှိသူမှအပ အခြားမည်သူနှင့်မျှ မျှဝေခြင်းမပြုရပါ။ ပေးပို့သူအနေဖြင့် မိမိနှင့်မသိကျွမ်းသော မည်သူမဆိုအား ငွေမပေးပို့မိစေရန် သတိပေးအပ်ပါသည်။ ပေးပို့သူသည် ငွေလွှဲအချက်အလက်များကို ငွေလက်ခံသူအပြင် အခြားသူများအား ပြောပြလျှင် Western Union အနေဖြင့် မည်သည့်အဖြစ်အပျက်ကိုမဆို တာဝန်ယူမည်မဟုတ်ပါ။ သတ်မှတ်ထားသောဥပဒေအရ၊ မည်သည့်အဖြစ်အပျက်တွင်မဆို Western Union သည် သွယ်ဝိုက်သော သို့မဟုတ် အထူးဖြစ်သော သို့မဟုတ် အခြေအနေအရဖြစ်သော သို့မဟုတ် အကျိုးဆက်ဖြစ်သော ဆုံးရှုံးမှုများအား တာဝန်ယူမည်မဟုတ်ပါ။

 

  1. ဉာဏ ပိုင်ဆိုင်မှု

Western Union ဝဘ်ဆိုက်နှင့် Western Union အွန်လိုင်းဝန်ဆောင်မှု၊ ၎င်းတို့၏ မူပိုင်ခွင့်များ၊ လုပ်ငန်းမှတ်ပုံတင်များ၊ အချက်အလက်ဆိုင်ရာ ရပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှုအမှတ်တံဆိပ်များ ပါဝင်သော၊ ဆက်စပ်လျက်ရှိသော ဉာဏပစ္စည်းနှင့် အကြောင်းအရာအားလုံးသည် Western Union၊ Western Union၏ အဖွဲ့ဝင်ကုမ္ပဏီများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုဖြစ်သည်။ အွန်လိုင်းဝန်ဆောင်မှု၏ ရပိုင်ခွင့်အားလုံးသည် ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုဖြစ်သည်။ သို့မဟုတ် Western Union ၏ အုပ်စုဖွဲ့ကုမ္ပဏီများ သို့မဟုတ် ပြင်ပအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုဖြစ်သည်။ Western Union ဝဘ်ဆိုက်နှင့် Western Union အွန်လိုင်းဝန်ဆောင်မှုများအား ဝဘ်ဆိုက်၌ ဖော်ပြထားသည့်အတိုင်း သို့မဟုတ် ၎င်းစည်းမျဉ်းစည်းကမ်းများက ခွင့်ပြုထားသော ရည်ရွယ်ချက်များ အတွက်သာ အသုံးပြုရမည် ဖြစ်သည်။ သင်၏ကိုယ်ရေးကိုယ်တာ အသုံးပြုမှုအတွက် Western Union ဝဘ်ဆိုက်၏ စာမျက်နှာများအား ကူးယူသိမ်းဆည်းခြင်းနှင့် ပြသခြင်း ပြုလုပ်နိုင်ပါသည်။ ကွန်ုပ်တို့၏ စာဖြင့်ရေးသားဖော်ပြထားသော ခွင့်ပြုချက်မပါပဲ Western Union ဝဘ်ဆိုက်နှင့် Western Union အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် ၎င်း၏ တစိတ်တပိုင်းအား ပုံတူကူးခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ပြုပြင်မွမ်းမံခြင်း သို့မဟုတ် မူရင်းမှ ပုံတူ လုပ်ငန်းများ ဖန်တီးခြင်း သို့မဟုတ် ၎င်းဖန်တီးမှုများအား အင်တာနက်စာမျက်နှာများ၌ ဖြန့်ဝေခြင်း၊ အများပြည်သူဆိုင်ရာ သို့မဟုတ် စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်အရ ပုံစံအမျိုးမျိုးဖြင့် သုံးစွဲခြင်း စသည်တို့အား ပြုလုပ်ခွင့်မရှိပါ။ သင်သည် ဖော်ပြပါတို့ကို လုပ်ခွင့်မရှိပါ- (က) Western Union ဝဘ်ဆိုက် သို့မဟုတ် Western Union အွန်လိုင်းဝန်ဆောင်မှုထံ ဝင်ရောာက်ရန် ရိုဘော့၊ စပိုက်ဒါ၊ စခရက်ပါ သို့မဟုတ် အခြားသော ဖန်တီးထားသည့်ပရိုဂရမ်တို့ကို အသုံးပြုရန်၊ နှင့်/သို့မဟုတ် (ခ) Western Union ဝဘ်ဆိုက် (သို့မဟုတ် ဝဘ်ဆိုက်၏ ပရင့်လုပ်ထားသော စာမျက်နှာများ) ပေါ်တွင် ဖော်ပြထားသည့် မူပိုင်ခွင့်များနှင့် ကုန်သွယ်မှုအမှတ်တံဆိပ်များ သို့မဟုတ် ပိုင်ဆိုင်မှု အချက်အလက်များနှင့် ဆက်စပ်နေသည့် အချက်အလကများကို ဖယ်ရှားရန် သို့မဟုတ် ပြင်ဆင်ရန်။ Western Union ဝဘ်ဆိုက်ရှိ အမည်ပေးထားသော Western Union ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများ၏ မူပိုင်သတ်မှတ်ထားမှုများအပြင် အမည် သို့မဟုတ် Western Union နှင့် အခြားအမည်များအားလုံးသည် Western Union၊ Western Union ၏ အဖွဲ့ဝင်ကုမ္ပဏီများ သို့မဟုတ် အခြားသော ပြင်ပအဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအမှတ်တံဆိပ် ဖြစ်သည်။ ဝဘ်ဆိုက်ရှိ ဖော်ပြထားသော အခြားကုန်ပစ္စည်း၊ ဝန်ဆောင်မှု သို့မဟုတ် ကုမ္ပဏီ ရာထူးသတ်မှတ်ချက်များသည် သက်ဆိုင်ရာပိုင်ရှင်များ၏ ကုန်အမှတ်တံဆိပ်များ ဖြစ်ပါသည်။

 

  1. အခြားဝဘ်ဆိုက်များသို့ လင့်ခ်များ

Western Union ဝဘ်ဆိုက်တွင် အခြားသော ကမ္ဘာအနှံ့ရှိ ဝဘ်အင်တာနက်ဆိုက်များနှင့် မှီငြမ်းမှုများ (“ချိတ်ဆက်ထားသော ဆိုက်များ“) သို့ ဝင်ရောက်နိုင်သည့် လင့်ခ်များနှင့် ပွိုင့်တာများ ပါဝင်နိုင်သည်။ ချိတ်ဆက်ထားသော ဆိုက်များသို့ လင့်ခ်များသည် ပြင်ပအဖွဲ့အစည်း ရည်ညွှန်းချက်များနှင့် ၎င်းတို့၏အကြောင်းအရာများအား ထောက်ခံချက်ပေးခြင်း မဟုတ်ပါ။ လင့်ခ်များက Western Union သည် ပြင်ပအဖွဲ့အစည်းများနှင့် ပေါင်းစည်းထားသည် သို့မဟုတ် ပတ်သက်နေသည် ဟူ၍လည်းကောင်း၊ လင့်ခ်ထံမှ ရရှိနိုင်သော သို့မဟုတ် ပြသထားသော မူပိုင်ခွင့်တံဆိပ်များ၊ ကိုယ်ပိုင်အမှတ်အသား၊ ကုန်အမှတ်တံဆိပ်များနှင့် ကုန်ပစ္စည်းအမည်များအား အသုံးပြုရန် တရားဝင်ခွင့်ပြုထားသည် ဟူ၍လည်းကောင်း၊ Western Union ၏ မူပိုင်ခွင့်တံဆိပ်များ၊ ကိုယ်ပိုင်အမှတ်အသား၊ ကုန်အမှတ်တံဆိပ်များနှင့် ကုန်ပစ္စည်းအမည်များအားအသုံးပြုရန် ချိတ်ဆက်ထားသောဆိုက်များ၌ တရားဝင်ခွင့်ပြုထားသည် ဟူ၍လည်းကောင်း သွယ်ဝိုက်ညွှန်းဆိုထားခြင်း မရှိပါ။ သင်သည် ချိတ်ဆက်ထားသောဆိုက်နှင့် သက်ဆိုင်သော မည်သည့်စိုးရိမ်ပူပန်မှုကိုမဆို အဆိုပါချိတ်ဆက်ထားသောဆိုက်၏ စီမံခန့်ခွဲသူ သို့မဟုတ် ပိုင်ဆိုင်သူများကို တိုက်ရိုက်ပြောဆိုသင့်သည်။ ချိတ်ဆက်ထားသောဆိုက်များစွာ၌ ပြသထားသော သို့မဟုတ် ဖြန့်ဝေထားသော ဖော်ပြချက်များ၊ အကြံဉာဏ်များ၊ သဘောထားများ၊ ထုတ်ပြန်ချက်များ သို့မဟုတ် အခြားသောအချက်အလက်များ၏ တိကျမှု သို့မဟုတ် ယုံကြည်ရမှုအား Western Union က ကိုယ်စားပြုခြင်း သို့မဟုတ် အတည်ပြုထောက်ခံခြင်း မရှိပါ။ ချိတ်ဆက်ထားသောဆိုက်များစွာမှ ရရှိနိုင်သော သို့မဟုတ် ထိုနေရာများ၌ ပြသထားသော သတင်းအချက်အလက်၊ အကြံဉာဏ်၊ သဘောထားတစ်စုံတစ်ရာအပေါ် အားထားခြင်းသည် သင့်တာဝန်သာဖြစ်ကြောင်း သဘောတူလက်ခံပါသည်။

 

  1. ငွေလွှဲပို့မှုအား ပယ်ဖျက်ခွင့်

11.1. Western Union ဝဘ်ဆိုက်အား အသုံးပြု၍ ပြုလုပ်ထားသော ငွေလွှဲမှုကိုပယ်ဖျက်ရန် တောင်းဆိုမှုအား 14 ရက်အတွင်း ပြုလုပ်နိုင်သည်။ ပယ်ဖျက်ရန်အတွက် သင်၏ တောင်းဆိုမှုကို ချတ်မှတစ်ဆင့် သို့မဟုတ် ကျွန်ုပ်တို့၏ လိပ်စာ Western Union Japan KK, Metro City Kamiyacho 7F, 1-5 Toranomon 5-chome, Minato-ku, Tokyo, Japan သို့ စာတိုက်မှတစ်ဆင့် ပေးပို့ခြင်းဖြင့် အကြောင်းကြားရပါမည်။ နောက်ထပ် အချက်အလက်အတွက်၊ သုံးစွဲသူကူညီရေး ဖုန်း 0120-961-623 (ဂျပန်နိုင်ငံမှ အခမဲ့ခေါ်ဆိုနိုင်သည်) သို့မဟုတ် နိုင်ငံခြားမှ ခေါ်ဆိုနေပါက +81-3-6868-0758 သို့ ဆက်သွယ်ပါ သို့မဟုတ် သင်က ကျွန်ုပ်တို့နှင့် ချတ်လုပ်နိုင်သည်

11.2. ငွေပြန်အမ်းချိန်၌ အကျုံးဝင်သော Western Union ၏ငွေလဲနှုန်းနှင့် ကိုက်ညီသော ငွေကြေးပမာဏ၊ လက်ခံသူဆီသို့ ငွေမထုတ်ပေးရသေး၍ အနည်းဆုံး ငွေလွှဲမှု၏ မူရင်းငွေကြေးတန်ဖိုးကို သင့်ထံ ငွေပြန်အမ်းမည်ဖြစ်သည်။ ယေဘုယျအားဖြင့်၊ ငွေပေးချေမှုကို အွန်လိုင်းဘဏ်စနစ်ဖြင့် ပြုလုပ်ခဲ့ပါက၊ Western Union သည် Western Union က ရရှိထားသည့် ဘဏ်အကောင့်အချက်အလက်များအတိုင်း တူညီသောဘဏ်အကောင့်ထံ ငွေကြေးများကို ပြန်အမ်းပေးရန် ကြိုးပမ်းအားထုတ်ပါမည်။ လိုအပ်သော သုံးစွဲသူ ဘဏ်အကောင့်အချက်အလက်များကို Western Union နှင့်ပတ်သက်၍ မရရှိနိုင်ပါက၊ ပြန်အမ်းငွေကို ကိုယ်စားလှယ်ရုံးမှတစ်ဆင့် ရရှိနိုင်အောင် လုပ်ဆောင်ပေးပါလိမ့်မည်။ ကိစ္စရပ်တစ်ခုခုတွင်၊ ငွေပြန်အမ်းသည့်ပုံစံနှင့် နည်းလမ်းသည် Western Union ၏ တစ်ဦးတည်းဆုံးဖြတ်ချက် ဖြစ်ပါလိမ့်မည်။

11.3 Western Union သည် သုံးစွဲသူ လိမ်လည်မှု တိုင်ချက်များကို သင့်လျော်စွာ ကိုင်တွယ်ဆောင်ရွက်ခြင်းအား အကြမ်းဖျင်းဖော်ပြရန် လုပ်ငန်းစဉ်များကို ဖော်ဆောင်ထားပါသည်။ Western Union ကမ္ဘာတစ်ဝှမ်း သုံးစွဲသူလိမ်လည်မှု တိုင်ချက်များဆိုင်ရာ လုပ်ငန်းစဉ်များအား ဖြစ်နိုင်ခြေရှိသည့် လိမ်လည်သော ငွေလွှဲပို့မှုများကို တုံ့ပြန်လုပ်ဆောင်ရန်နှင့် သုံးစွဲသူများနှင့် Western Union အတွက် အန္တရာယ် သက်သာလျော့ပါးစေရန် သင့်လျော်သော အရေးယူလုပ်ဆောင်မှု ပြုလုပ်ရန် ပုံစံထုတ်ထားပါသည်။ ထိုလုပ်ငန်းစဉ်များသည် သုံးစွဲသူများအတွက် Western Union ထံ သုံးစွဲသူ လိမ်လည်မှုတိုင်ချက် တောင်းဆိုမှုအား စတင်သည့်လုပ်ငန်းစဉ်ကို အကြမ်းဖျင်းဖော်ပြပေးကာ ဒေတာရယူခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် ငွေပြန်အမ်းပေးခြင်းအတွက် နည်းလမ်းကို ဖော်ပြပေးပါသည်။ သင်သည် တိုင်ချက်တောင်းဆိုမှုကို တင်ပြရန် Western Union ၏ လိမ်လည်မှုဟော့လိုင်းထံ # 0120-961-623 သို့ ဆက်သွယ်နိုင်ပါသည်။

 

  1. သဘောတူညီချက်အလုံးစုံ

စည်းမျဉ်းစည်းကမ်းများတွင် ရည်ညွှန်းထားသော စာချုပ်ပါ အခြားကိစ္စများ အပါအဝင် အဆိုပါစည်းမျဉ်းစည်းကမ်းများသည် သင်နှင့် ကျွန်ုပ်တို့ကြားရှိ သဘောတူညီချက်အလုံးစုံဖြစ်ပြီး သင်နှင့် ကျွန်ုပ်တို့အကြား ရှိနိုင်သော ယခင်သဘောတူညီချက်များအားလုံးကို အစားထိုးသွားမည် ဖြစ်သည်။

 

  1. ဆက်လက်အာဏာတည်ခြင်း

အဆိုပါစည်းမျဥ်းစည်းကမ်းများ၏ ပြဋ္ဌာန်းချက်တစ်ခု သို့မဟုတ် အများအပြားသည် တရားမဝင်ခြင်း၊ ဥပဒေနှင့် ဆန့်ကျင်ခြင်း၊ ဥပဒေအရ ခိုင်လုံမှုမရှိခြင်းများဖြစ်ခဲ့လျှင် ၎င်းသည် အခြား ကျန်ရှိသော ပြဋ္ဌာန်းချက်များ၏ တရားဝင် ဥပဒေအရ ခိုင်လုံမှုများအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုမရှိပါ။

 

  1. တိုင်ကြားချက်များ၊ သက်ဆိုင်ရာ ဥပဒေ၊ တရားစီရင်ရေး

14.1. Western Union အွန်လိုင်း ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ တိုင်ကြားချက် တင်ပြလိုပါက၊ Western Union သုံးစွဲသူကူညီရေး နံပါတ် 0120-961-623 သို့ ဆက်သွယ်ပါ သို့မဟုတ် သင်က ကျွန်ုပ်တို့နှင့် ချတ်လုပ်နိုင်ပါသည်

14.2. အဆိုပါစည်းမျဉ်းစည်းကမ်းများကို ဂျပန်နိုင်ငံ၏ဥပဒေများဖြင့် လွှမ်းမိုး၊ စီးနှောင်ပြီး စာချုပ်အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံရှိ တရားရုံးများနှင့် အဆိုပါနိုင်ငံမှ အယူခံမှုများအား ကြားနာစီရင်ပိုင်ခွင့်ရှိသော တရားရုံးများ၏ အကန့်အသတ်မရှိသော တရားစီရင်ပိုင်ခွင့်အား လိုက်နာကာ သင်သည် အဆိုပါတရားရုံးများတွင် လုပ်ဆောင်နိုင်သော တရားစွဲခွင့်များကို စွန့်လွှတ်ပါသည်။

 

  1. စည်းကမ်းထိန်းသိမ်းရေး အစိုးရအဖွဲ့နှင့် ဆက်စပ်နေသည့် အထူး မှတ်စုများ

15.1။ လွှဲပြောင်းမှုကို ဘဏ်က လုပ်ဆောင်ခြင်းမဟုတ်ပါ။

15.2။ လွှဲပြောင်းမှုတွင် အာမခံငွေများ သို့မဟုတ် သတ်မှတ်ထားသော အာမခံငွေများ၊ စုငွေများ သို့မဟုတ် အရစ်ကျ စုငွေများ လက်ခံမှု မပါဝင်ပါ။

15.3။ လွှဲပြောင်းမှုသည် အာမခံငွေ အက်ဥပဒေ၏ ပိုဒ်ခွဲ 53 (အက်ဥပဒေ 1971 ၏ နံပါတ် 34) သို့မဟုတ် လယ်ယာစိုက်ပျိုးရေးနှင့် ငါးမွေးမြူရေး ကော်ပိုရေးရှင်း စုငွေဆိုင်ရာအာမခံ အက်ဥပဒေ၏ ပိုဒ်ခွဲ 55 (အက်ဥပဒေ 1973 ၏ နံပါတ် 53) အရ ဖော်ပြထားသည့် အာမခံပေးချေမှုနှင့် မသက်ဆိုင်ပါ။

15.4။ Western Union သည် ဂျပန်နိုင်ငံရှိ အသုံးပြုသူများအားလုံးကို ငွေလွှဲပို့မှုလုပ်ငန်း အက်ဥပဒေ၏ ပိုဒ်ခွဲ 44 တွင် ပါဝင်သော ငွေကြေးများကာကွယ်ရေးလုပ်ဆောင်ချက်ဖြင့် ကာကွယ်ပေးထားကြောင်း သေချာစေရန် Mizuho Bank, Ltd. နှင့် အာမခံသဘောတူညီချက်ကို လက်မှတ်ရေးထိုး ပြုလုပ်ထားပါသည်။

15.5။ သင်သည် ငွေလွှဲပို့မှုလုပ်ငန်း အက်ဥပဒေ၏ ပိုဒ်ခွဲ 59 (အက်ဥပဒေ 2010 ၏ နံပါတ် 59) တွင် သတ်မှတ်ဖော်ပြထားသည့် ငွေကြေးများ လုံခြုံစေမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ တိုင်ကြားပိုင်ခွင့် ရှိပါသည်။

15.6 နယူးယောက်အချိန် တနင်္ဂနွေနေ့ ညသန်းခေါင် 0:00 မှ နယူးယောက်အချိန် စနေနေ့ ညသန်းခေါင် 24:00 အထိ ယခင်တစ်ပတ်၏ 7-ရက်ကာလအတွင်း လိုအပ်သော လုပ်ငန်းအာမခံငွေများ၏ အများဆုံးပမာဏအတိုင်း လိုအပ်သော လုပ်ငန်းအာမခံငွေပမာဏကို နယူးယောက်အချိန် စနေနေ့ ညသန်းခေါင် 24:00 တိုင်းတွင် (တိုကျိုအချိန် တနင်္ဂနွေနေ့ နေ့လည် 1:00 နာရီတိုင်းတွင်) ဆုံးဖြတ်ပေးပါသည်။ လိုအပ်သော အာမခံငွေပမာဏကို အထက်ပါစာပိုဒ် 15.4 တွင် ဖော်ပြထားသည့်အတိုင်း Mizuho Bank နှင့်ပတ်သက်သည့် အာမခံသဘောတူညီချက်တွင် ထည့်သွင်းပါလိမ့်မည်။ အကြောင်းရင်းတစ်ခုခုကြောင့် အာမခံသဘောတူညီချက်က အလုပ်မဖြစ်သည့် ကိစ္စရပ်မျိုးတွင်၊ လိုအပ်သောအာမခံငွေကို ရှေ့ဝါကျတွင် သတ်မှတ်ဖော်ပြထားသည့်အတိုင်း 7-ရက်ကာလပြီးဆုံးချိန်မှ ရုံးဖွင့်ရက် 3 (သုံး) ရက်အတွင်း (တနင်္ဂနွေနေ့များ၊ စနေနေ့များ၊ နိုင်ငံတော်အားလပ်ရက်များအက်ဥပဒေတွင် ဖော်ပြထားသည့် အားလပ်ရက်များ၊ ဇန်နဝါရီလ 2 ရက်နေ့၊ ဇန်နဝါရီလ 3 ရက်နေ့၊ နှင့် ဒီဇင်ဘာလ 29 ရက်နေ့မှ ဒီဇင်ဘာလ 31 ရက်နေ့အထိ ရက်များ မပါဝင်ပါ) တရားဝင် အပ်နှံသူဖြင့် အပ်နှံပါလိမ့်မည်။

1 လောလောဆယ်တွင် ဘဏ်ငွေလွှဲနှင့် လက်မှတ်ရ ငွေထုတ်မိတ်ဖက်များမှတစ်ဆင့် ငွေပေးချေမှုတို့သည် သက်ဆိုင်သော ငွေပေးချေမှု နည်းလမ်း ဖြစ်ပါသည်။ ထို့ကြောင့်၊ သာဓကပြရေး ရည်ရွယ်ချက်များအတွက်သာ “ဘဏ်ကတ်” နှင့် “ကတ်ထုတ်ပေးသူ” သတ်မှတ်ချက်များကို ဖော်ပြပေးထားပါသည်။