< လိမ်လည်မှုအား သတိပြုခြင်း

လိမ်လည်မှုရင်းမြစ်စင်တာ

ရင်းမြစ်အကိုးအကားများ ရှိနေပါစေ၊ အသိပညာကြွယ်ဝနေပြီး လိမ်လည်မှုကို တားဆီးပါ

အသိပေးချက်များ အမြဲရယူပြီး အကာအကွယ်ရှိနေပါစေ။ သင့်တွင် သတင်းအချက်အလက်များ များများရှိလေလေ သင့်ကိုယ်သင် ရာဇဝတ်မှုများမှ ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်လေလေ ဖြစ်သည်။ လိမ်လည်မှုကို တိုင်ကြားပါ၊ နောက်ဆုံးဖြစ်သော လိမ်ညာမှုများနှင့်ပတ်သက်၍ အပ်ဒိတ်ဖြစ်နေပါစေ၊ ဤ ထပ်ဆောင်းရင်းမြစ်များနှင့်အတူ လူလိမ်ဆရာကြီးများကို သတိပြုဖော်ထုတ်နိုင်ပုံ နည်းလမ်းအကြောင်း လေ့လာပါ။

လိမ်လည်မှု အမျိုးအစားများ
သားကောင်များကို ဆွဲဆောင်နိုင်ရန် လူလိမ်များက အသုံးပြုသော လှည့်ကွက်များအကြောင်း ပိုမိုလေ့လာပါ။

လိမ်လည်မှုကို အစီရင်ခံတိုင်ကြားပါ
လိမ်လည်မှုကို အစီရင်ခံတိုင်ကြားခြင်းသည် ပိုမိုနားလည်သိရှိခြင်းနှင့် အသိပညာပိုမိုတိုးပွားခြင်းဆီသို့ ဦးတည်စေနိုင်ပါသည်။

သတင်းအချက်အလက်များ သိနေပါစေ

Western Union သည် ငွေလွှဲခြင်းဆိုင်ရာ လိမ်ညာမှုများ၏ သားကောင်မဖြစ်စေရန် အသိပညာပေးခြင်းနှင့် နားလည်သိရှိစေခြင်းတို့မှတစ်ဆင့် ကူညီပေးနေပါသည်။

ကျွန်ုပ်တို့၏ သတိပေးချက်များနှင့် အပ်ဒိတ်များကို စောင့်ကြည့်လိုက်နာပါ

သင့်ကိုယ်သင် လိမ်လည်ခံရခြင်းမှ ကာကွယ်ပါ

မိတ်ဆွေများနှင့် မိသားစုထံ ငွေပေးပို့ရန်အတွက်သာ Western Union ကို အသုံးပြုပါ။ သင် လူကိုယ်တိုင် မတွေ့ဖူးသူထံ လုံးဝ ငွေမပေးပို့ပါနှင့်။

တစ်ခါတစ်ရံ လိမ်လည်သူများသည် ငွေလွှဲပေးရန် လူများကို တိုက်တွန်းလေ့ရှိသည်။ ငွေပေးပို့ရန် သင့်ကို တောင်းဆိုသော မည်သူ့ကိုမျှ ငွေမလွှဲပါနှင့်-

  • သင် အတည်မပြုရသေးသော အရေးပေါ် အခြေအနေအတွက်။
  • အွန်လိုင်း ဝယ်ယူမှုတစ်ခုအတွက်။
  • ကွန်ပျူတာဗိုင်းရပ်စ်မှ ကာကွယ်ရေးအတွက်။
  • ငှားရမ်းထားသော အိမ်ခြံမြေအတွက် စရန်ငွေ သို့မဟုတ် ငွေပေးချေမှု။
  • ထီ (သို့) ဆုကြီး ပေါက်ငွေများ ထုတ်ယူရန်အတွက်။
  • အခွန်ဆောင်ရန်။
  • ပရဟိတအဖွဲ့သို့ လှူဒါန်းရန်။
  • ထူးဆန်းသော ဈေးဝယ်ရေးတာဝန်တစ်ခုအတွက်။
  • အလုပ်အကိုင် အခွင့်အလမ်းအတွက်။
  • အကြွေးဝယ်ကတ် (သို့) ချေးယူထားသော ငွေတိုးအတွက်။
  • ရွှေ့ပြောင်းနေထိုင်ခြင်းကိစ္စတစ်ခုကို ဖြေရှင်းရန်အတွက်။
  • ကုန်ပစ္စည်းများကို ရောင်းချရန် တယ်လီဖုန်းခေါ်ဆိုမှုအား တုံ့လှယ်သည့်အနေဖြင့် တစ်စုံတစ်ခုအတွက် ငွေပေးချေရန်။

ငွေလွှဲပါက သင်ငွေလွှဲလိုက်သောသူသည် အဆိုပါငွေကို လျင်မြန်စွာရရှိနိုင်ပါသည်။ ငွေပေးချေပြီးနောက် Western Union သည် ကန့်သတ်ချက်ရှိသော အခြေအနေများမှလွဲ၍ သင်လိမ်လည်ခံရသည့်တိုင်အောင် သင့်အား ပြန်အမ်းငွေ ပေးနိုင်မည် မဟုတ်ပါ။

သင် လိမ်လည်ခံရသည်ဟု ယုံကြည်ပါက Western Union လိမ်လည်မှုဆိုင်ရာ ဟော့လိုင်း 001 800 852 5385 သို့ ဖုန်းခေါ်ဆိုပါ။

လိမ်လည်မှုအသိပညာပေး လက်ကမ်းစာစောင်များ

Be_sure_everything_is_as_it_seems_2018

လိမ်လည်မှုအသိပညာပေး လက်ကမ်းစာစောင်

ဒေါင်းလုပ်များ:
လိမ်လည်မှုအသိပညာပေး လက်ကမ်းစာစောင်၏ PDF ဗားရှင်းကို ဒေါင်းလုပ်ဆွဲပါ

လိမ်လည်မှုအသိပညာပေး လက်ကမ်းစာစောင်အဟောင်း

ဒေါင်းလုပ်များ:
လိမ်လည်မှုအသိပညာပေး လက်ကမ်းစာစောင်အဟောင်း၏ PDF ဗားရှင်းကို ဒေါင်းလုပ်ဆွဲပါ

Interdiction_Card_image_en

တားမြစ်ခြင်းကတ်

ဒေါင်းလုပ်များ:
တားမြစ်ခြင်းကတ်၏ PDF ဗားရှင်းကို ဒေါင်းလုပ်ဆွဲပါ